Ad P1
Ad P2

Hercules (2014)

Premium By Shine Design With Shroff Templates
Poster
⭐️6.0


Hercules (၂၀၁၄) ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ Hercules ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်။ တကယ်လည်း Hercules က ဒီသတ္တဝါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး။ Hercules မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က အမြဲလိုက်နေတဲ့ မိတ်ဆွေတွေရှိပြီး သူတို့အဖွဲ့က နှိမ်နင်းခဲ့တာဖြစ်ပါတယ်။တနေ့တော့ သူ့တို့အဖွဲ့ဆီကို အာဂျင်နီးယားဆိုတဲ့ မိန်းမလှလေးတစ်ယောက်ရောက်ရှိလာပြီး သူတို့တိုင်းပြည်ကိုကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ဘုရင်/မှော်ဆရာ ရီးဆပ်စ်ရဲ့အန္တရာယ်က ကာကွယ်ပေးဖို့ရွှေတွေ ပုံပေးပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ အဲ့ဒီကမ်းလှမ်းချက်ကို သူတို့အဖွဲ့လက်ခံလိုက်ချိန်မှာတော့ သူတို့ဟာ ကြိုတင်မခန့်မှန်းနိုင်တဲ့ လှည့်ကွက်တွေ ပရိယာယ်တွေ သစ္စာဖောက်မှုတွေ အစုံစုံနဲ့တကွ ကြုံဖူးသမျှမှာ အကြီးမားဆုံးစွန့်စားခန်းကြီးရှည်ကြီးနဲ့ အတိတ်ကရန်ကြွေးတွေကိုပါ ဖြေရှင်းရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ဇာတ်ကားက Hercules ကို ပုံပြင်တွေထဲကလို စွမ်းအားရှင်၊ အဖြစ် ပုံမပေါ်ထားဘဲ၊ သာမန်လူတစ်ယောက် ကနေ၊ သာမန်လူတွေထက် အင်အားပိုသန်သလို၊ နည်းပရိယာယ်ကြွယ်ဝတဲ့ လူစွမ်းကောင်း တစ်ယောက်အဖြစ် သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။ဒီအချက်တစ်ချက်တည်းနဲ့ တင် ပရိတ်သတ်ကိုကြည့်ဖို့ ကျွန်တော် တိုက်တွန်းလိုပြီး၊ သရုပ်ဆောင်၊ ဇာတ်လမ်း၊ ဒါရိုက်တာ ဇာတ်ရှိန်အတက်အကျ ကောင်းမွန်ပါတယ်။ထွက်ရှိခဲ့စဉ်ကလဲ BO မှာအောင်မြင်ခဲ့သလို ဝေဖန်သူတွေကြားမှာလည်းမျက်နှာပန်းလှခဲ့တဲ့ ရုပ်ရှင်ကားကြီးပါ။ ဟာကျူလီကို ပုံဖော်ကြတဲ့ ရောမခေတ်ကားတွေထဲမှာ တမျိုးတဘာသာ အရသာပေးစွမ်းထားပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...