Ad P1
Ad P2

Percy Jackson & the Olympians: The Lightning Thief (2010)

Premium By Shine Design With Shroff Templates
Poster
⭐️5.9


ရှေး ဂရိဒဏ္ဍာရီထဲက နတ်ဘုရားတွေ… နတ်ဘုရားမတွေအကြောင်း …သူတို့ရဲ့စွမ်းအားတွေ… နတ်ဘုရားတွေနဲ့ လူသားတွေချစ်ကြိုက်မိရာမှမွေးဖွားလာတဲ့ သွေးနှောနတ်ဘုရားတွေ…ဂရိဒဏ္ဍာရီထဲက သတ္တဝါဆန်းတွေ…ဒါတွေဟာ ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် အဆန်းတကြယ် ဖြစ်မနေတဲ့အကြောင်းအရာတွေ အနည်းနဲ့အများ ရင်းနှီးပြီးသား အကြောင်းအရာတွေလို့ယူဆမိတယ်…ဘာလို့ဆို နတ်ဘုရားတွေပေါ်အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ပေါင်းလည်း နည်းမှမနည်းဘဲကိုး… အဲ့ဒီ နည်းမှမနည်းတဲ့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာထဲမှ…ဒီနေ့အတွက် ရေနတ်ဘုရားရဲ့သားတော် ဖြစ်တဲ့ ပါစီဂျက်ဆန်ရဲ့ စွန့်စားခန်း ဇာတ်လမ်းလေး၂ပုဒ် ကို တင်ဆက်ပေးချင်ပါတယ်…ဒီပါစီဂျက်ဆန် ကိုငယ်ငယ်က သိပ်နှစ်သက်ခဲ့ပြီး ခုတစ်ဖန်ပြန်လည်ကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်လည်း old but gold ဘာညာပေါ့နော်…ပထမဇာတ်ကားကတော့ Lighting Thiefပါ… ဒီ Lighting theifထဲမှာတော့ သူ့ကိုယ်သူ နတ်ဘုရားရဲ့သားတော်မှန်းမသိသေးတဲ့ပါစီဂျက်ဆန်တစ်ယောက်…ပထွေးကြောင့်ရယ် သူ့ရဲ့ စာဖတ်မရတဲ့ ရောဂါကြောင့်ရယ် ဒုက္ခပွေနေရပုံတွေ…နောက်ပိုင်း အဖြစ်မှန်သိတဲ့အခါ ကျပြန်တော့လည်း သူ့ကို မိုးကြိုး သူခိုးပါဆိုပြီး နတ်ဘုရားတစ်လောကလုံးက စွပ်စွဲနေတဲ့အတွက် ဒါကိုဖြေရှင်းဖို့အတွက်ရယ် မိခင်ကိုကယ်တင်ဖို့အတွက်ရယ် မြို့အနှံ့ရွာအနှံ့အပြင် မြေအောက်ကမ္ဘာထိသွားပြီး စွန့်စားခန်းဖွင့်ရပုံတွေ တွေ့ရမှာပါ…သူ့ရဲ့စွန့်စားခန်းတွေကို လိုက်ပြီးကူညီခဲ့တဲ့သူတွေကတော့ ဥာဏ်ပညာနတ်ဘုရားမရဲ့သမီး အန်နာဘက်သ် နဲ့ ပါစီ့ကိုစောင့်ရှောက်ပေးရသူဆိတ်တစ်ပိုင်းလူတစ်ပိုင်း ဂရိုဗာ တို့ပါပဲ…သူတို့ဟာ နောက်ဆုံးမှာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့တာပါ… နောက်ဆုံးညွှန်းချင်တာကတော့ ဂရိနတ်ဘုရားတွေအကြောင်းမနည်းစုံစုံလင်လင်ပါတဲ့အတွက် နတ်ဘုရားတွေအကြောင်းစိတ်ဝင်စားသူတွေ လုံးဝကြည့်သင့်တဲ့ကားကောင်းများဖြစ်တဲ့အကြောင်းပါ…အဲ့ဒီအပြင် ညီအစ်ကို နှစ်ဦးကြားက မေတ္တာတရားတွေ…အသင်းအဖွဲ့လိုက်ကူညီဖေးမမှုတွေ.…ရိုက်ချက် အလန်းစားတွေ …ရယ်စရာကောင်းတဲ့ စိုက်ကလော့ ကောင်ကြီးတွေ အစရှိသည်ဖြင့်…ဇာတ်လမ်းဇာတ်ကွက်ကောင်းတွေထုံမွှန်းနေတဲ့ ဇာတ်ကားလေးတွေအဖြစ် ညွှန်းဆိုလိုက်ပါတယ်




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...