Ad P1
Ad P2

Bone Tomahawk (2015)

Premium By Shine Design With Shroff Templates
Poster
⭐️7.1


ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူး ပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီး rating 7.1/10 အထိရရှိထားပါတယ်

ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသား Patrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့် သရုပ်ဆောင်ထားပါတယ်.

. ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့ အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving Men ရောက်သွားပါတယ်
တစ်ယောက်ကလူရိုင်းတွေ သတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်က Bright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်က လိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ်
မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကို ပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကို ဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီး နောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိ ဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာ တို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving Men တောင်ကြားကိုသွားရောက်ကယ်ဆယ်ဖို့ကြိုးပမ်းကြပါတော့တယ်
သူတို့ရဲ့ကယ်ဆယ်ရေး ခရီးစဥ်မှာ မိသားစုလိုက် အင်ဒီးယန်းလူရိုင်းတွေ သတ်တာခံလိုက်ရတဲ့ မစ္စတာဘရူဒါပါ၀င်လာတဲ့အခါမှာကော ဘယ်လို တွေဆက်ဖြစ်ကြမလဲ Valley of Starving Men တောင်ကြားကိုသွားတဲ့ ဦးသူကနိုင်စတမ်းလမ်းခရီးမှာကော ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ
သူတို့ရဲ့ကယ်ဆယ်ရေး အစီအစဥ်ကကော အောင်မြင်ပါ့မလား
ဖမ်းခေါ်သွားခံ ရတဲ့သူတွေကရော Valley of Starving Menမှာ အန္တရာယ်ကင်းပါ့မလား သူတို့အားလုံး Valley of Starving Men တောင်ကြားကနေရော အသက်ရှင်ရက်ပြန်လာနိုင်မလားဆိုတာကို ဒီဇာတ်ကားလေးမှာ ရင်သပ်ရှုမောဖွယ်စီးမျောလိုက်ပါဦး
ဒီဇာတ်ကားဟာ Action,Horror, Western ဇာတ်ကားတွေကိုမှကြိုက်နှစ်သက်သူတွေအတွက် မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open