ဘယ်လောက် အချစ်ကို လှောင်ပြောင်ပျက်ရယ်ပြုနေပါစေ အလုပ်အတူတူလုပ်နေတဲ့ နာအိုမီကိုတော့ တိတ်တခိုးလေး ကြွေနေခဲ့ပါတယ်။
ဗာလင်တိုင်းနေ့မှာ ကျင်းပတဲ့ မော့တေးပြိုင်ပွဲတစ်ခုမှာ သူတို့နှစ်ယောက် ဝင်ပြိုင်ကြရင်း မော့တေးဖျော်စပ်ဖို့ သူတို့သုံးလိုက်မိတာကတော့ ဘားမှာတွေ့မိတဲ့လူတစ်ယောက်က မားကပ်စ်ကို အချစ်ကိုဖော်ထုတ်ရဲဖို့ သတ္တိပေးစေမှာဆိုတဲ့ အချစ်ဆေးရည်။
သူတို့ဖျော်စပ်တဲ့ မော့တေးကို သောက်မိလိုက်ကြတဲ့ အကဲဖြတ်ဒိုင်တွေရော၊ မားကပ်စ်ကိုယ်တိုင်ရော အကျိုးသက်ရောက်မှုတစ်ခု ခံစားရပြီး အခြေအနေတွေ ရှုပ်ထွေးကုန်တာပေါ့။
ဒီမှာပဲ နာအိုမီနဲ့မားကပ်စ်တို့ ဒီအချစ်ဆေးရည်ကြောင့် ဖြစ်လာတဲ့ ခံစားချက်အတုအယောင်တွေကို ပြေပျောက်ဖို့ဆိုပြီး ဖြေဆေးရှာဖို့ကြိုးစားကြပါတော့တယ်။