စစ်ပွဲဆိုတာ သေနတ်ချင်းပစ်တာတင် မဟုတ်ဘဲ "ဦးနှောက်ချင်း တိုက်ပွဲ" လည်း ဖြစ်နိုင်တယ်ဆိုတာကို ဒီကားမှာ တွေ့ရပါလိမ့်မယ်။
နာဇီတွေရဲ့ မဖောက်ထွင်းနိုင်တဲ့လျှို့ဝှက်ကုဒ်တွေကိုချိုးဖျက်ဖို့ အလန်တူရင်းနဲ့ သူ့အဖွဲ့ရဲ့ စက္ကန့်နဲ့အမျှ အပြိုင်လုတိုက်ပွဲဝင်ရပုံတွေက သင့်ကို ရင်တထိတ်ထိတ် ဖြစ်နေစေမှာအမှန်ပါပဲ...
လူအများစုနဲ့မတူရင် လူရာမသွင်းတတ်တဲ့ လူ့အဖွဲ့အစည်းကြောင့် အလန်တူရင်းတစ်ယောက် ဘယ်လောက်အထိ အထီးကျန်ခဲ့ရသလဲဆိုတာကိုလည်းတွေ့ရမှာပါ..
Benedict Cumberbatch ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အလန်တူရင်းရဲ့ ထက်မြက်မှု၊ ခေါင်းမာမှုနဲ့ စိတ်ဒဏ်ရာတွေကို အသက်ဝင်နေစေပြန်ပါတယ်....
နိုင်ငံအတွက်၊ ကမ္ဘာကြီးအတွက် အလုပ်အကျွေးပြုခဲ့တဲ့ သူရဲကောင်းတစ်ယောက်ဟာ သူ့ရဲ့ ဖြစ်တည်မှုကြောင့်ပဲ လူ့လောကရဲ့ ရက်စက်မှုကို ဘယ်လိုခံစားသွားခဲ့ရသလဲဆိုတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်....
ကဲ ဆိုတော့....မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားလေးပါပဲ....