ဂိမ်းကစားဖူးမှ ကြည့်လို့ရတာမျိုးမဟုတ်ဘဲ ဘာမှမသိဘဲ ဝင်ကြည့်ရင်တောင် အူတက်အောင် ရယ်နေရမယ့် ကားမျိုးပါ။အရင်က မတည့်ကြတဲ့ ငှက် (Birds) တွေနဲ့ ဝက် (Pigs) တွေက ဒီတစ်ခါမှာတော့ "ရန်သူ့ရန်သူဟာ မိတ်ဆွေ" ဆိုပြီး မဖြစ်မနေ လက်တွဲလိုက်ကြရရော။ ဘာလို့လဲဆိုတော့ ရေခဲကျွန်းက Zeta ဆိုတဲ့ အန်တီကြီးက သူတို့ကျွန်းတွေကို ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်လာလို့လေ။ အဲ့ဒီမှာ Red တို့အဖွဲ့နဲ့ ဝက်ဘုရင် Leonard တို့ မတည့်အတူနေပြီး ကမ္ဘာကြီးကို ကယ်ဖို့ လွဲကြချော်ကြတာတွေကို ကြည့်ရမှာပါ။
ငှက်နဲ့ ဝက် ပေါင်းလုပ်တော့ အဆင်ပြေမယ်ထင်လား? လုံးဝပဲ။ တစ်ယောက်တစ်ပေါက်နဲ့ ဖြစ်နေတာက တကယ်ရယ်ရတယ်။ အထူးသဖြင့် ဝက်ဘုရင် Leonard ရဲ့ အပေါက်တွေက တော်တော်ဆိုးပါတယ်။ Chuck ရဲ့ ညီမလေး Silver ပါလာတာ ဒီကားရဲ့ အသက်ပဲ။
ဉာဏ်ကြီးရှင်မလေးဆိုတော့ Red ကို ပါးပါးလေးနဲ့ ပြန်ပညာပေးတာတွေက ကြည့်လို့ကောင်းတယ်။ငှက်ပေါက်စလေး ၃ ကောင် ဥပြန်လိုက်ကောက်တဲ့ ဇာတ်လမ်းတိုလေးတွေ ကြားညှပ်ပါလာတာရှိတယ်။ အဲ့ဒါလေးတွေက အရမ်း Cute ဖြစ်သလို ရယ်လည်းရယ်ရတယ်။90s သီချင်းဟောင်းလေးတွေနဲ့ တခြား နာမည်ကြီး Pop သီချင်းတွေကို ကွက်တိနေရာတွေမှာ ထည့်သုံးထားတာမို့ vibe က တော်တော်ကောင်းတယ်။
Weekend မှာ ခေါင်းရှုပ်မခံချင်ဘဲ အေးဆေးရယ်မောချင်တယ်ဆိုရင်တော့ Angry Birds 2 က အသင့်တော်ဆုံးပါပဲ။ မုန့်စားပြီး မိသားစုနဲ့ပဲကြည့်ကြည့်၊ သူငယ်ချင်းတွေနဲ့ပဲကြည့်ကြည့် ရှယ်ပျော်ဖို့ကောင်းတဲ့ ကားလေးပါ။