Ad P1
Ad P2

The Dreadful (2026)

Premium By Shine Design With Shroff Templates
Poster
⭐️7.3


နာမည်ကျော် Game of Thrones စီးရီးထဲက Sophie Turner (Sansa) နဲ့ Kit Harington(Jon Snow) တို့ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ Gothic / Thriller ရုပ်ရှင်ကားသစ်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။

ဇာတ်လမ်းကတော့ အင်္ဂလန်နိုင်ငံရဲ့ သမိုင်းဝင် War of the Roses (နှင်းဆီစစ်ပွဲ) ကာလအတွင်းကိုမှာ အခြေခံထားပါတယ်။

Anne (Sophie Turner) ဟာ မြို့ပြနဲ့ ဝေးလံတဲ့ တောစပ်တစ်ခုမှာ သူမရဲ့ ယောက္ခမဖြစ်သူနဲ့အတူ ခေါင်းပါးလှတဲ့ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ဖြတ်သန်းနေရသူပါ။

စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေကြားမှာ ရှင်သန်နေရတဲ့ သူတို့ဆီကို တစ်နေ့မှာတော့ စစ်တိုက်ထွက်နေတဲ့ Anne ခင်ပွန်းရဲ့ သူငယ်ချင်း Jago ရောက်လာခဲ့ပြီး သူ့သူငယ်ချင်းဟာ သေဆုံးသွားပြီဆိုတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

အဲဒီကနေစလို့ Anneဘဝထဲ အပြောင်းအလဲတွေဖြစ်လာခဲ့ပြီး ချုပ်ချယ်လွန်းတဲ့ ယောက္ခမနဲ့ Anneကိုချစ်တဲ့ Jago အကြား ဒွိဟတွေဖြစ်လာပါတော့တယ်။

ဒီရုပ်ရှင်ဟာ ရိုးရိုး Horror ကားမျိုးမဟုတ်ဘဲ လူသားတွေရဲ့ စိတ်ဒဏ်ရာ၊ အတိတ်နဲ့ လက်ရှိဘဝ ရုန်းကန်ရမှု‌တွေကို သမိုင်းနောက်ခံနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open