နိုက်ဂျီးရီးယားဆိုပေမဲ့ အထင်တော့မသေးလိုက်ပါနဲ့။ မထင်ရင်မထင်သလို ဇာတ်လမ်းကောင်းကြီးတွေချပြလေ့ရှိလို့ နိုင်ငံတကာရုပ်ရှင်လောကက စောင့်ကြည့်နေရတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။အခုဇာတ်ကားလေးကလည်း အစပိုင်းတော့ဟင်ခနဲ ဟာခနဲဖြစ်ရပေမဲ့ နောက်ပိုင်းမှာဇာတ်လမ်း ဇာတ်ကွက်တော်တော်ကောင်းလာပြီး မြင်တွေ့နေကျ ဇာတ်ညွှန်းတွေနဲ့ကွဲထွက်နေတဲ့အတွက် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
ဆူကီဆိုတဲ့ကောင်လေးတစ်ယောက်က လက်ဝှေ့သမားတစ်ဖြစ်လဲ လက်ဝှေ့ဆရာသူ့အဖေကိုအားကျပြီး လက်ဝှေ့သမားကြီးဖြစ်ချင် နေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်သူ့အဖေကလုပ်ပွဲတွေထိုးနေမှန်း သိသွားတဲ့အခါမှာတော့ အဖေဖြစ်သူနဲ့အဲ့ဒီအကြောင်းပြောဖြစ်ပြီး နောက်နေ့မှာတော့ သားရဲ့စကားတွေကြောင့် သူ့အဖေအနိုင်ရအောင်ထိုးသတ်ခဲ့ ပါတော့တယ်။
ဒါပေမယ့်အဲ့ဒီအကျိုးဆက်ကြောင့် သူ့ရှေ့မှာတင် သူ့အဖေကိုလူဆိုးတွေကလာသတ်ခဲ့ပါတော့တယ်။အဲ့ဒါကြောင့် သူ့အဖေကိုသတ်သွားခဲ့တဲ့လူကိုရအောင်ပြန်သတ်မယ်လို့ ကြုံးဝါးရင်းနဲ့ ၁၂ နှစ်ကြာတဲ့အခါမှာ မွေးစားအိမ်မှာနေထိုင်နေပြီး သူ့ကိုယ်သူအသင့်ပြင်နေခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီလူဆိုးတွေကပဲ သူ့မွေးစားမိဘတွေကိုထပ်သတ်သွားပြန်ပြီး သူ့ကိုပါထောင်ထဲ ရောက်အောင်အကွက်ချခဲ့ပါတော့တယ်။
ဇာတ်လမ်းကြီးကဒီလိုကြီးမလို့မကောင်းဘူးလို့တော့မထင်လိုက်ပါနဲ့။ သူထောင်ထဲရောက်မှသာ ဇာတ်လမ်းကတကယ်စပြီး ဆူကီတစ်ယောက် သူလိုချင်တဲ့ သူ့အဖေအတွက်လက်စားချေပေးမဲ့ပန်းတိုင်ဆီကို ရောက်အောင် ကြိုးစားရုန်းကန်ရပုံတွေကို ထောင်တွင်းကခက်ခဲ ကြမ်းတမ်းမှုတွေနဲ့အတူရှုစားရဦးမှာဖြစ်ပါတယ်။