The Unfair ဆိုတဲ့ ဇာတ်လမ်းက ဒီအကြောင်းကို Inspire ယူပြီး ရေးသားထားတဲ့ ‘SoSooUiGyeong’ ဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ခဲ့တာပဲဖြစ်ပါတယ်။
နိုင်ငံရဲ့ခရိုနီတွေနဲ့ တချို့သောအာဏာရှိအထက်လူကြီးတွေကြောင့် ပြည်သူတွေခံစားရတဲ့ မမျှတမှုတွေကို ပုံဖော်ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်လေး တစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါဦး။
ဇာတ်လမ်းအကျဉ်း …
မြို့ပြပြန်လည်ဖွံ့ဖြိုးရေးပရောဂျက်ကြောင့် နေထိုင်သူတွေဟာ သူတို့ရပ်ကွက်ကနေ မတရားနှင်ထုတ်ခံရပါတယ်။ ဒီဖြစ်ရပ်ကို လက်မခံနိုင်တဲ့ ပြည်သူတွေဟာ နေအိမ်တွေကို ဖယ်မပေးဘဲ တစ်နှစ်ကျော်ကြာသည်အထိ ဆန္ဒပြခဲ့ကြတယ်။
တစ်ရက်မှာတော့ ရဲအရာရှိအင်အားကို အသုံးပြုပြီး ဆန္ဒပြပြည်သူတွေကို အပြီးတိုင်ဖြိုခွဲမှုလုပ်ခဲ့ပါတယ်။ ဒီဖြိုခွဲမှုဖြစ်စဉ်မှာ ဆန္ဒပြပြည်သူတစ်ဦးရဲ့ သားဖြစ်သူ ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာတော့ ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ တရားစွဲခံရပြီးတော့ ဘတ်ရှင်းအူကို သတ်တဲ့တရားခံဟာလည်း အစစ်အမှန်မပေါ်ခဲ့ပါဘူး။ အဲဒီအတွက် ပြည်သူ့ရှေ့နေယွန်ဂျင်ဝန်၊ ရှေ့နေအီဒယ်ဆော့နဲ့ သတင်းထောက်ဂုံဆူဂယောင်းတို့က ဘတ်ဂျယ်ဟိုနဲ့ဘတ်ရှင်းအူတို့ရဲ့အမှုတွေမှာ တရားမျှတမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
သူတို့ရဲ့ လုပ်ဆောင်မှုတွေ အောင်မြင်နိုင်မှာလား? ဘတ်ဂျယ်ဟိုအတွက် တရားမျှတမှုရှာဖွေနိုင်မလား? ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်နော်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hay Thar Oo ပါ။)