ဇာတ်လမ်းလေးကိုတော့ ငွေအရမ်းချမ်းသာတဲ့ သူဌေးကောင်းနဲ့သူ့သမီးတို့ကနေစတင်ထားပါတယ် ..
သားအစ်ဖနှစ်ယောက်က ငွေကြေးချမ်းသာပေမဲ့ အချင်းချင်းမခေါ်ကြပါဘူး
သမီးဖြစ်သူကောင်းလိကလည်း ရုပ်ရည်ချောမောပေမဲ့ အထူအပါးနားမလည်တဲ့ ငတုံးမလေးတစ်ယောက်ဖြစ်နေတာပါ ..
တစ်နေ့မှာကောင်းလိတစ်ယောက် သူငယ်ချင်းမင်္ဂလာပွဲတတ်ပြီး အရက်မူးပြီးအိမ်အပြန် လမ်းမှာ လူဆိုးဂိုဏ်းကနေ ပြန်ပေးဆွဲတာခံလိုက်ရပါတော့တယ်
အဲဒီအချိန်မှာပဲ လမ်းကြုံဖြတ်သွားတဲ့ ယန်ဖေးကိုလည်း လူဆိုးဂိုဏ်းက ရဲတိုင်လိမ့်မယ်ဆိုပြီး ကောင်းလိနဲ့အတူဖမ်းလိုက်ရာကနေ ပိုက်ဆံစုနေတဲ့ယန်ဖေးတစ်ယောက် ကောင်းလိကိုကယ်ပြီး အကူအညီတောင်းမလား လူဆိုးဂိုဏ်းကိုဘယ်လိုဖြေရှင်းမလဲ
ပြီးတော့ လူဆိုးဂိုဏ်းက ကောင်းလိကိုဖမ်းရတဲ့အကြောင်းအရင်းကရောဘာများဖြစ်မလဲ လူဆိုးတွေဖြစ်ချင်နေတဲ့အကြံတွေကရော အမှန်တကယ်ဖြစ်မြောက်သွားမလားဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာဖြစ်လို့ စိတ်လှုပ်ရှားကြည်နူးဖွယ်ကြည့်ရမှာဖြစ်ပါတယ်