Ad P1
Ad P2

100 Tula Para Kay Stella (2017)

Premium By Shine Design With Shroff Templates
Poster
⭐️7.1


ဖီဒယ်က ကဗျာရေး စာရေး ဝါသနာပါတဲ့ကောင်လေးတစ်ယောက်ပါ။
စကားပြောရင် ထစ်တတ်တာ၊ ရှက်တတ်တာ အနေအေးတာတွေကြောင့် လူတောမတိုးသလိုဖြစ်နေတဲ့သူဟာ လုံး၀ ဆန့်ကျင်ဘက်စရိုက်ရှင်စတယ်လာဆိုတဲ့ ကောင်မလေးကိုမှ အရူးအမူးဖြစ်သွားခဲ့ပါတယ်။

ပွင့်လင်းသွက်လက်သူ၊ ဟောဟောဒိုင်းဒိုင်းနဲ့အပေါင်းအသင်းဝင်ဆန့်တဲ့ မိန်းမလှလေးကိုခိုးငေးရင်း သူ့ကိုတစ်နေ့နေ့ပေးမယ်ဆိုပြီး ကဗျာလေးတွေရေးနေခဲ့ပါတယ်။ ကဗျာလေးတွေ ဘယ်နှစ်ပုဒ်ထိတိုင်သွားမလဲ? တစ်ချိန်ချိန်ကျရင် သူ့အိမ်မက်လေးကိုပိုင်ဆိုင်ခွင့်ရလာနိုင်မလား?ဆက်လက်ရှုစားကြပါ။

100 Poems for Stella ဟာ ၂၀၁၇ Pista ng Pelikulang Pilipino ရုပ်ရှင်ပွဲတော်မှာပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်အကြိုက်ဆုံး ဂုဏ်ထူးဆောင်ဆုကိုရခဲ့ပြီး ပွဲတော်အတွင်း ဝင်ငွေအကောင်းဆုံး စံချိန်တင်နိုင်ခဲ့သလို တစ်နှစ်တာဝင်ငွေအကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားလည်းဖြစ်ခဲ့ပါသေးတယ်။

အဓိကသရုပ်ဆောင်နှစ်ဦးကြားက Chemistry၊ သီချင်းကောင်းကောင်း၊ ကဗျာလှလှလေးတွေ Cinematography အမိုက်စားတွေနဲ့အတူ ကြည်နူး ကြေကွဲကြရမယ့် အချစ်ကားလှလှလေးဖြစ်ပါတယ်။ 100 songs for stella ဆိုပြီး ၂၀၂၅ မှာ Sequel ထပ်ထွက်ထားပါသေးတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬
📺

Preview

Loading preview...

Post Preview

Loading post...
Open