⭐️6.8
ပန်ဂျီတန်ဂိုရတ်ခ်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့နာမည်ကျော်လူကြိုက်အများဆုံး၀တ္ထုနဲ့ကောမစ်ဇာတ်ကောင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်နဲ့တီဗွီဇာတ်လမ်းတွဲတွေအဖြစ်လည်းအကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ သူ့ထူးခြားချက်ကတော့မျက်နှာမှာ လူဦးခေါင်းခွံတစ်ခုကိုတပ်ဆင်ထားပြီးအထီးကျန်သမား၊ လျှို့ဝှက်ချက်တွေများစွာနဲ့သိုင်းသမားတစ်ယောက်ပါ။ မူလက သဘောကောင်းကြင်နာတတ်တဲ့သူတစ်ဦးဖြစ်ပေမယ့် ချစ်သူ မူရ်နီတစ်ယောက် လူဆိုးတွေရဲ့လက်ချက်နဲ့ သေဆုံးခဲ့ပြီးနောက်မှာတော့ ကလဲ့စားက မောင်းနှင်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သိုင်းသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ပန်ဂျီရဲ့နောက်ခံသမိုင်းကြောင်းနဲ့anti-hero တစ်ဦးအဖြစ် မြစ်ဖျားခံရာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။