Ad P1
Ad P2

Tulsa King (2022-2025)

Premium By Shine Design With Shroff Templates
Poster
⭐️8.3


မင်းသားကြီးစတားလုံးရဲ့ အထာကျကျ၊ အမိုက်စား မာဖီးယားစီးရီး အသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Paramount+ကနေ အပတ်စဉ်ထုတ်လွှင့်သွားမှာဖြစ်ပြီး လက်ရှိမှာ IMDb 8.4, RT 77% ရထားပါတယ်။ Rockyမင်းသားကြီးစတားလုံးရဲ့ ငါမအိုသေးဆိုတဲ့ လက်သီးစွမ်းတွေကို တဝကြီးတွေ့ရဦးမှာပါ။
Dwight Manfrediဆိုတဲ့ နယူးယောက်မြို့က မာဖီးယားဘဲကြီးဟာ ထောင်(၂၅)နှစ်ကျခံပြီး ပြန်လွတ်လာတဲ့အခါ ဘော့စ်ဖြစ်သူက သူ့ကို အဖွဲ့ထဲ ခေါ်မထားချင်တော့ဘဲ နယ်ဘက်ကို ပထုတ်ဖို့ကြံခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Oklahomaပြည်နယ်က Tulsaဆိုတဲ့ မြို့လေးကို နှင်ထုတ် ခံလိုက်ရတဲ့ Dwightတစ်ယောက် ဘာဆိုဘာမှမရှိတဲ့ နယ်မြို့ကနေ တစ်ကတဖန်ပြန်စပြီး တစ်စင်ထောင်ပြီး အင်အားကြီးဂိုဏ်းတစ်ခု ဖန်တီးကာ ပြန်ရင်ဆိုင်ဖို့ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။
မာဖီးယား ဖြစ်တာနဲ့အညီ အပြောကလည်း သွေးအေးသလို လက်သံကလည်း အတော်ပြောင်လို့ မင်းသားကြီးရဲ့ ပရိသတ်တွေရော၊ Crime စီးရီး ကြိုက်သူတွေရော သဘောကျကြမှာပါ။
တစ်ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမှာဖြစ်ပြီး Homie Tv မှာ အပတ်စဥ်တင်ဆက်ပေးသွားပါ့မယ်။ (ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ JimX ဖြစ်ပါတယ်။)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...