အဲ့ဒီအချိန်မှာပဲ ရေအောက်ဓာတ်ပုံပြိုင်ပွဲတစ်ခုရှိတဲ့အတွက်ဝင်ပြိုင်ဖို့ရည်ရွယ်ချက်နဲ့အတူ ဂါလစ်နဲ့သူ့ သူငယ်ချင်းတစ်စုဟာ အဲ့ဒီကျွန်းပေါ်က အပန်းဖြေစခန်းတစ်ခုကိုခရီးထွက်ခဲ့ပါတယ်။
အပန်းဖြေစခန်းဟာ ဆောက်ကာစဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့လူသူမရှိသလို ကျွန်းပေါ်မှာလည်း စခန်းပိုင်ရှင်တစ်ဦးတည်းကိုသာတွေ့ရပါတယ်။ အဲ့ဒီလူက သူတို့ကို ကျွန်းပေါ်က တစ်ခုတည်းသော စည်းကမ်းချက်ဖြစ်တဲ့ တားမြစ်နေရာတစ်ခုကိုမသွားဖို့မှာခဲ့ပေမယ့်စူးစမ်းချင်တဲ့ လူငယ်တွေပီပီ ဂါလစ်တို့တစ်စု အဲ့ဒီစည်းကမ်းချက်ကိုလိုက်နာနိုင်ပါ့မလား?
သူ့မိခင် ပျောက်ဆုံးမှုရဲ့နောက်ကွယ်မှာ ဘယ်လိုပဟေဠိမျိုးတွေရှိနေမလဲ?
စည်းကမ်းချက်ကိုဖောက်ဖျက်မိရင် ဘာတွေကြုံလာရမလဲ? အစရှိတဲ့ အဖြေတွေကို ဇာတ်ကားထဲမှာဆက်လက်ရှုစားကြပါ။