Ad P1
Ad P2

Rise of the Raven (2024)

Premium By Shine Design With Shroff Templates
Poster
⭐️8.0


ဟန်ဂေရီတီဗီစီးရီး ကတော့ ၁၅ ရာစုက ဉရောပမှာ အော်တိုမန်အင်ပါယာကို တိုက်ပွဲတွေမှာအနိုင်ယူခဲ့တဲ့ စစ်သည်တော်ယာနို့စ်ဟွန်ယာဒီအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။
တီဗီစီးရီးရဲ့ရိုက်ကွင်းအပြင်အဆင်၊ နန်းတော်ထဲကကြံစည်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာကျင့်ဝတ်တွေကိုသရုပ်ဖော်ပုံတွေက GOT ကို ပုံစံယူထားတာမြင်တွေ့ရပါ တယ်။
၁၄၅၆ ခုနှစ် ဟန်ဂေရီတပ်တွေကိုဉီးဆောင်ပြီး အော်တိုမန်အင်ပါယာရဲ့ကျူးကျော်မှုတစ်ခုကို အောင်မြင်စွာတွန်းလှန်နိုင်ခဲ့တဲ့ နာမည်ကျော်ဘဲလ်ဂရာဒဲဝန်းရံမှုဖြစ်ရပ်အထိ ဟွန်ယာဒီရဲ့စွန့်စားခန်းတွေကို စီးရီးတစ်လျှောက်မှာကြည့်ရှုရမှာပါ။ ဟွန်ယာဒီရဲ့သတ္တိနဲ့ပြောင်မြောက်တဲ့စွမ်းရည်ကြောင့် ခရစ်ယာန်တွေရဲ့အဖြူရောင်သူရဲကောင်းဆိုတဲ့နာမည်ပြောင်တောင် ရရှိစေခဲ့ပါတယ်။
တီဗီစီးရီးမှာတော့ ဟွန်ယာဒီရဲ့ဘဝ၊ မကောင်းသတင်းတွေ၊ နိုင်ငံရေးအာဏာလုပွဲတွေနဲ့အတူ ဝါစော၊ ရောမ၊ ဘဲလ်ဂရာဒဲနဲ့ဗီယင်နာက တော်ဝင်မိသားစုတွေကြားကြံစည်မှုတွေကိုပါ ကြည့်ရှု့ရမှာပါ။ IMDb rating 7.6 ရရှိထားပြီး တိုက်ပွဲခန်းတွေကိုလည်း အရည်အသွေးမြင့်မြင့်ရိုက်ကူးထားတာကြောင့် လူကြိုက်များစေခဲ့တဲ့တီဗီစီးရီးတစ်ခုဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...