ဇာတ်လမ်းအကျဉ်း
ဘရိုင်ယန် (Kevin James)ဟာ အလုပ်ပြုတ်သွားပြီးတဲ့နောက် အိမ်နေအဖေတစ်ယောက်အဖြစ် ကလေးထိန်းဖို့ ဖြစ်လာပါတယ်။ ပန်းခြံထဲမှာကလေးထိန်းရင်း ဂျက်ဖ် (Alan Ritchson)ဆိုတဲ့ သူ့လိုမျိုးအိမ်နေအဖေတစ်ယောက်နဲ့ တွေ့ဆုံရာက အိမ်အလည်လိုက်ဖို့ အဖိတ်ခံလိုက်ရတယ်။ ဒီလိုနဲ့ ဘရိုင်ယန်တို့သားအဖဟာ မရည်ရွယ်ပဲနဲ့ ဂျက်ဖ်တို့သားအဖနဲ့အတူ တစ်နေ့တာစွန့်စားခန်းထဲ အတူပါဝင်လာရပါတော့တယ်။