ဇာတ်အိမ်လေးကတော့ နျူကလီးယားစစ်ပွဲဖြစ်လို့ကမ္ဘာပျက်အပြီးနှစ်ပေါင်း ၂၀၀ အကြာကာလကိုတည်ထားပါတယ်။ လူတွေဟာ လူအချင်းချင်းရန်ကရော ဓာတ်ရောင်ခြည်ကြောင့်သန္ဓေပြောင်းသွားတဲ့မျိုးစိတ်တွေကြောင့်ပါနယ်မြေတွေခွဲပြီး သူ့အဖွဲ့အစည်းနဲ့သူနေနေကြရပါတယ်။ တစ်နေ့မှာတော့မြေအောက်မှာနေတဲ့အဖွဲ့အစည်းထဲကိုကျူးကျော်သူတွေဝင်ရောက်ပြီး ခေါင်းဆောင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ခေါင်းဆောင်ရဲ့သမီးဖြစ်သူဟာ အဖေဖြစ်သူကိုကယ်တင်ဖို့ တခြားအဖွဲ့အစည်းနယ်မြေတွေကို ဝင်ရောက်ဖြတ်ကျော်ဖို့ဖြစ်လာပြီး အဖွဲ့အစည်းတွေကြား သန္ဓေပြောင်းကောင်တွေကြားပဋိပက္ခပေါင်းစုံကြား ဘယ်လိုစွန့်စားခန်းတွေထုတ်မလဲဆိုတာကိုကြည့်ရှုရမှာပါ။
လက်ရှိမှာတော့ IMDb rating 8.7 နဲ့ Rotten Tomatoes 93% တောင်ရရှိထားတာမို့ live action စီးရီးတစ်ခုအနေနဲ့ တော်တော်လေးအခြေအနေကောင်းတယ်လို့ပြောရမှာပါ။ ကြည့်ရှုခံစားလိုက်ကြပါဦး။