ငြိမ်းချမ်းရေးရဖို့အတွက် ယောကျာ်းမိန်းမကလေးသူငယ် ဘယ်လောက်ပဲ သတ်ရသတ်ရ သတ်မယ့်သူပါပဲ။ လက်နက်အားလုံးကို ကျွမ်းကျွမ်းကျင်ကျင်သုံးပြီး လူသတ်နိုင်တဲ့ ပါရမီရှင်လည်း ဖြစ်ပါတယ်။
ဒီစီးရီးကတော့ Suicide Squid 2 မှာ သူ သေနတ်မှန်ပြီး တိုက်ပိပြီး မသေဘဲ ဆေးရုံတက်နေရတာကနေ စပါတယ်။ဆေးရုံကဆင်းတဲ့အချိန်မှာ အမန်ဒါ ဝေါ်လာက သူ့ကို သီးသန့် စစ်ဆင်ရေးတစ်ခုလုပ်ဖို့ အဖွဲ့တစ်ဖွဲ့နဲ့အတူ တာဝန်ပေးလာတဲ့အခါ ဒီစီးရီးဖြစ်လာတာပါပဲ။
PS. စကားလုံးတွေ ကြမ်းတမ်းတာရယ် တုံးလုံးအခန်းတွေပါတာရယ်ကြောင့် ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။
Season 02 DC စူပါဟီးရိုးတွေထဲက အခွီကောင် အရိုင်းတုံး ပိစ်မိတ်ကာ ပြန်လာပါပြီ။ သူ့ကို စူပါမန်း2025 ထဲမှာ စူပါမန်းကိုဖောင်းထုနေတဲ့တစ်ခန်းနဲ့ ချိတ်ဆက်ထားပါသေးတယ်။ ဒါ့အပြင် အရင် ဂျက်စတစ်လီဂူး ကို ဖျက်လိုက်ပြီဖြစ်လို့ ဒီစီးရီးမှာ ဂရန်းလန်တန်၊ ဟော့ဂဲတို့ပါတဲ့ ဂျက်စတစ်ဂန်းနဲ့ ဆက်စပ်ထားတာပါ။ ဇာတ်လမ်းကလည်း စူပါမန်း 2025 ထဲက လက်စ်လူသာလက်ချက်နဲ့ ဒိုင်မန်းရှင်းကွဲကြောင်းတွေဖြစ်လာတာကို အခြေခံထားပြီး အပြိုင်စကြဝဠာဇာတ်လမ်းနဲ့သွားမှာပါ။ စီစန် ၂ မှာတော့ ၁ ရဲ့နောက်ဆက်တွဲအနေနဲ့ ဟားကော့ဟာ ထောက်လှမ်းရေးအလုပ်ပြုတ်သွားပြီး ဘယ်မှာမှ အလုပ်ရှာမရတော့ပါဘူး၊ အဒယ်ဘာယိုလည်းအတူတူပါပဲ။ အကိုးနမို့စ်ကတော့ အားဂပ်မှာ အလုပ်ဆက်ရနေပြီး လက်ရှိအားဂပ် ညွှန်ချုပ်ကတော့ ဗိုလ်ချုပ် ဖလက် ဖြစ်လာပါပြီ။ ဒီအပိုင်းမှာလည်း အထူးတပ်ဖွဲ့ အိတ်စ် နဲ့ ပိစ်မိတ်ကာ နဲ့ ဗစ်ဂျလန်တီတို့ ဘယ်လိုတွေ ခွီရဦးမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲ။