Ad P1
Ad P2

The Fox and the Hound (1981)

Premium By Shine Design With Shroff Templates
Poster
⭐️7.1


ကာတွန်းကား ကြည့်ရင် မငိုတတ်ဘူးဆိုတဲ့ သူငယ်ချင်းကိုပြဖို့ ကာတွန်းတစ်ပုဒ်


Walt Disney ရဲ့ နာမည်ကျော် ကာတွန်းကား The Fox and the Hound (မြေခွေးနှင့် အမဲလိုက်ခွေး) ရုပ်ရှင်က 
ကလေးအတွက်တင် မဟုတ်ဘဲ လူကြီးတွေအတွက်ပါ သင်ခန်းစာယူတတ်ရင် အကျိုးရှိတဲ့ မက်ဆေ့ခ်ျလေး‌တွေ ထည့်သွင်းပေးထားပါတယ်။


ရုပ်ရှင်အညွှန်း

The Fox and the Hound (1981)
ဒီဇာတ်ကားဟာ မွေးကတည်းက ရန်သူဖြစ်ဖို့ ကံပါလာတဲ့ တိရစ္ဆာန်နှစ်ကောင်ကြားက မဖြစ်နိုင်တဲ့ 
ခင်မင်ရင်းနှီးမှုကို ဖော်ပြထားတဲ့ Disney ရဲ့ စိတ်လှုပ်ရှားစရာ ကာတွန်းဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

အမေဖြစ်သူ မုဆိုးလက်ချက်နဲ့ ဆုံးပါးသွားပြီးနောက် မိဘမဲ့ဖြစ်သွားတဲ့ Tod (တော့ဒ်) လို့ နာမည်ပေးထားတဲ့
 မြေခွေးပေါက်လေးတစ်ကောင်ကို မုဆိုးမကြီး တွိဒ် (Widow Tweed) က မေတ္တာထားပြီး မွေးစားထားပါတယ်။

အဲဒီလိုပဲ အိမ်နီးချင်း မုဆိုးကြီး အေမိုစ့် စလိတ် (Amos Slade) ကလည်း Copper (ကော့ပါး) လို့ အမည်ရတဲ့ 
အမဲလိုက်ခွေးလေးတစ်ကောင်ကို မွေးထားပါတယ်။

ငယ်စဉ်ဘဝမှာ Tod နဲ့ Copper တို့ဟာ သူတို့ရဲ့ မျိုးနွယ်တွေကြားက ရန်ငြိုးရန်စတွေကို မသိဘဲ လွတ်လပ်ပျော်ရွှင်စွာ 
ဆော့ကစားရင်း အမြဲတမ်း သူငယ်ချင်းကောင်းများ ဖြစ်ကြဖို့ ကတိပေးခဲ့ကြပါတယ်။

ဒါပေမဲ့ အမဲလိုက်ရာသီရောက်လာပြီး Copper ဟာ အမဲလိုက်ခွေးအဖြစ် လေ့ကျင့်ခံရဖို့ မုဆိုးကြီးနဲ့အတူ 
တောထဲကို ထွက်ခွာသွားချိန်မှာတော့ သူတို့နှစ်ဦးကြားက အခြေအနေတွေ စတင်ပြောင်းလဲလာပါတယ်။ 
နွေဦးပေါက်လို့ Copper ပြန်ရောက်လာချိန်မှာ Tod ဟာလည်း အရွယ်ရောက်လာပြီး သူငယ်ချင်းနှစ်ဦးဟာ 
မလွဲမရှောင်သာ ရင်ဆိုင်ရမယ့် ရန်သူ ဖြစ်လာပါတော့တယ်။

တစ်ယောက်က မုဆိုးရဲ့ ခွေး၊ နောက်တစ်ယောက်က အမဲလိုက်ခံရမယ့် မြေခွေး အဖြစ် သူတို့ရဲ့ တာဝန်နဲ့ 
သဘာဝအလျှောက် ဖြစ်လာတဲ့ တိုက်ပွဲတွေ၊ စွန့်စားခန်းတွေကြားမှာ Tod နဲ့ Copper တို့ဟာ သူတို့ရဲ့ ကလေးဘဝ 
ကတိသစ္စာကို အမှန်တကယ် စောင့်ထိန်းနိုင်မလား၊ ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ ဖိအားပေးမှုနဲ့ သူတို့ရဲ့ ဇာတိစိတ်အောက်မှာ
 ခင်မင်ရင်းနှီးမှုကို စတေးလိုက်ရမလားဆိုတာကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

The Fox and the Hound ဟာ မေတ္တာ၊ သတ္တိနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အစွဲအလမ်းတွေက 
လူသားတွေနဲ့ သတ္တဝါတွေရဲ့ ဆက်ဆံရေးအပေါ် ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတဲ့ သင်ခန်းစာတွေကို 
ပေးစွမ်းတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။


Disney ရဲ့ပုံစံခွက်မှ ကွဲထွက်နေသော ရုပ်ရှင်တစ်ခု

သာမန်မြင်တွေ့နေကျ Disney ကာတွန်းတွေနဲ့ မတူဘဲ ဇာတ်လမ်းဇာတ်ကွက်တွေ ကွဲထွက်နေတဲ့အပြင် 
ဒီရုပ်ရှင်မှာတော့ အဆုံးသတ် Happy Ending ကိုဖွင့်ဆိုချက်က ကွာခြားနေပါတယ်။

ဇာတ်လမ်းမှာ Antagonist ရေရေရာရာ မပါဘဲ လောကရဲ့သဘာဝသာလျှင် အဓိက Antagonist အဖြစ်
မြင်ရပါတယ်။ဇာတ်ကောင်တိုင်းက ကိုယ့်ယုံကြည်မှုတစ်ခုကို လက်ကိုင်စွဲရင်း ကိုယ်မှန်ရာ 
ကိုယ်လုပ်နေသူတွေသာ ပါပါတယ်။ ကလေးကြည့်ရူသူများနဲ့ သင့်တော်အောင် မူရင်းစာအုပ်မှ ဖြစ်ရပ်တချို့ကို
 ပြောင်းလဲပြုပြင်ထားတာကိုလည်း တွေ့ရပါတယ်။ Disney ရဲ့အပြောင်မြောက်ဆုံးလက်ရာတွေထဲက
 တစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။ ဒီဇာတ်ကားမှာ မင်းသား၊ မင်းသမီး လူဆိုးရယ် ပျော်စရာ 
အဆုံးသတ်နဲ့မြင်နေကျမဟုတ်ဘဲ ဇာတ်ကွက် အလှည့်အပြောင်းအပြင် ရှေးကနဲ့ မတူတဲ့ Ending ကိုမြင်ရပါတယ်။

လက်တွေ့ကျတဲ့ သဘာဝကိုသာ ဇာတ်လမ်းအခြေခံထားပြီး ဇာတ်ကွက်ဟာလည်း အပြင်မှာ ဖြစ်နေကျ 
ရန်သူလို့ အများက သတ်မှတ်ထားသူနှစ်ဦးရဲ့ သူငယ်ချင်းသံယောဇဉ်ကိုသာ ရိုက်ပြထားပါတယ်။ အများက
 ရန်သူဖြစ်ရမယ်လို့ သတ်မှတ်ထားလို့ မပေါင်းနိုင်ကြတဲ့ စည်းမျဉ်းတွေ အများကြီး ရှိပါတယ်။ ဒီဇာတ်ကားမှာတော့
 ပတ်ဝန်းကျင်အတိုက်အခိုက်ကြားက ဆက်လက်တည်တံ့ဖို့ ကြိုးစားကြတဲ့ ကလေးနှစ်ဦးရဲ့ မေတ္တာကိုသာမြင်ရပါတယ်။ 
တစ်ခါတစ်ရံ ကြောင်းကျိုးမှန်ကန်စွာမရှိဘဲ ပုဂ္ဂိုလ်စွဲကို လက်ကိုင်လွန်းရင်းက ပဋိပက္ခများစွာဖြစ်ပေါ်နေတဲ့ 
လောကကြီးအတွက် လူသားတွေ ပြန်သုံးသပ်သင့်တဲ့ အရေးအကြီးဆုံး အခြေခံအကျဆုံး လူသားချင်းရင်းနှီးမှုကို
 Disney က ကလေးရုပ်ရှင်မှ တစ်ဆင့် ပညာပေးနိုင်ပုံကို တွေ့ရပါတယ်။ အချိန်ကာလမှ သင်ခန်းစာ၊ 
အချိန်က လူကိုပြောင်းလဲတတ်စေတာကို လက်ခံဖို့ မီးမောင်းထိုးပြပေးထားပါတယ်။ တစ်ခါတစ်ရံ ရှိခဲ့တဲ့
 အခြေအနေကို အမြဲတည်တံ့ဖို့ ကြိုးစားလို့မရနိုင်တာကိုလည်း ပြသထားပါတယ်။

Disney ရုပ်ရှင်အတော်များများထဲက သူမတူဘဲ ရင့်ကျက်တဲ့ ဇာတ်ကွက်ကို မှီငြမ်းထားပြီး 
Traditional Animation (Hand-drawing) ကို နှစ်ခြိုက်စွာ ခံစားနိုင်မယ့် အဖိုးတန် ကာတွန်းတစ်ခုပါ။



Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...