မိုဗီဒစ်ဟာ ရိုးရိုးတန်းတန်း ဝေလငါးလိုက်ဖမ်း လူတစ်စုအကြောင်း ရုပ်ရှင်တစ်ကားလို့လည်း ပြောလို့ရတယ်။ ဝေလငါးနောက်လိုက်တယ်။ ဝေလငါးနဲ့ ရင်ဆိုင်တယ် ဒါပဲ။ ဆိုပေမဲ့ ဒီလောက်မရိုးရှင်းတာက သူ့ Metaphorတွေ။ မိုဗီဒစ်မှာ Metaphorတွေ။ မိုဗီဒစ်ဟာ မူရင်းဝတ္ထုကိုက Metaphorတွေ သိပ်များပေမဲ့ အဲဒီMetaphorတွေအားလုံးကို ဇာတ်က နိုင်နိုင်နင်းနင်း တင်ဆက်နိုင်တဲ့ အရည်အသွေးမျိုးရှိတယ်။ ရုပ်ရှင်မှာလည်း အဲဒီအချက်ကို သယ်လာနိုင်ခဲ့တယ်။ သယ်လာနိုင်အောင်ထည့်ထားရတဲ့ Narrativeတွေလည်း မနည်းဘူးပေါ့။ ကျွန်တော်လည်း Metaphorတွေကို ကြိုက်တဲ့ထဲပါတဲ့လူလို့ပြောရမယ်။ ဆိုပေမဲ့လို့ တစ်ချို့ရုပ်ရှင်တွေမှာ ကျွန်တော်တို့တွေ့ရတာက ကိုယ့်ဇာတ်မှာ Metaphorသာ နင်းကန်ထည့်နေတယ်။ ဇာတ်ရဲ့တာသွားမှု ကာရိုက်တာတွေရဲ့အသက်ဝင်မှုပမာဏတွေက Metaphorတွေကို မနိုင်နင်းတာတွေလည်း ရှိတတ်တယ်။ အဲဒီလို Metaphorတွေကျ စိတ်ညစ်စရာကောင်းတယ်လို့တော့ တစ်ကိုယ်ရေအမြင်အရမြင်တယ်။ အထာကျချင်လို့ ဇွတ်ဇတ်ထည့်လိုက်တဲ့ Metaphorတွေလိုလို ခံစားရတယ်။ မိုဗီဒစ်ရဲ့ Metaphorတွေကတော့ ဇာတ်ကောင်တွေကရော အခြေအနေတွေကရော ဖြစ်ရပ်တွေကရော သူ့Metaphorတွေကို ကောင်းကောင်း ခံစားမိစေနိုင်တဲ့ ဇာတ်က Metaphorကို ပိုအားကောင်းစေပြီး Metaphorက ဇာတ်ကို ပိုအားကောင်းစေတဲ့ Metaphorတွေလို့ ပြောရမယ်။
ဇာတ်လမ်းက ဝေလငါးဖမ်းသမားတွေကြားပဲ တည်ထားတယ်။ ဝေလငါးဖမ်းသမားတွေကြုံရတတ်တဲ့ အကြီးဆုံးဝေလငါး။ အဖြူရောင်ဝေလငါးကြီးရှိတယ်။ သူ့နာမည်က မိုဗီဒစ်။ ဒီဝေလငါးကြောင့် စုတ်ပြတ်သတ်ခဲ့ပြီး ဒီဝေလငါးကို အငြိုးကြီးနေတဲ့ ကပ္ပတိန်အာဟတ်ဆိုတဲ့ လူသားတစ်ယောက်ရှိတယ်။ နတ်ဘုရားတစ်ပါးလိုဖြစ်နေတဲ့ ဝေလငါးနဲ့ လူသားကြားက တိုက်ပွဲ။ လူသားရဲ့တစ်ဖက်သတ် အာဃာတတစ်ခု။ ဝေလငါးကို ဖမ်းဖို့ ထွက်ခဲ့တဲ့ခရီးစဉ်မှာကြုံရတဲ့ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ဒါတွေနဲ့ ဒီဇာတ်ကို တည်ဆောက်ထားတယ်
မိုဗီဒစ်ရုပ်ရှင်က Metaphorတွေကြောင့် အတွေးပွားချင်တဲ့ ပရိသတ်မျိုးတွေနဲ့လည်းကိုက်သလို စွန့်စားခန်းဇာတ်လမ်းလို ဖြစ်နေတာကြောင့်လည်း ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့လူတွေနဲ့လည်းကိုက်တဲ့ ၂ဘက်စလုံးသွားနေတဲ့ ဇာတ်လမ်းမျိုးဆိုတော့ ဘယ်သူပဲကြည့်ကြည့် ကြည့်လို့အဆင်ပြေပါလိမ့်မယ်။