ဇာတ်လမ်းအစမှာတော့ ချီကာဂိုမြို့ပတ်ရထားပေါ်မှာ နိုးထလာသူတစ်ယောက်
ကိုယ်မသိတဲ့ ကောင်မလေးတစ်ယောက်က ရင်းရင်းနှီးနှီး စကားတွေလာပြော ကိုယ်မကြားဖူးတဲ့ နာမည်နဲ့ ကိုယ့်ကိုခေါ်
မှန်သွားကြည့်တော့လည်း ကိုယ့်မျက်နှာမဟုတ် ပိုက်ဆံအိတ်ထဲက အိုင်ဒီကဒ်ကလည်း ကိုယ့်ကဒ်မဟုတ်
ရထားပေါ်ကို ဘယ်လိုရောက်လာတာလဲ ဘာရည်ရွယ်ချက်နဲ့ ပို့ဆောင်ခံရတာလဲ....လဲပေါင်းများစွာနဲ့။
ဇာတ်လမ်းအကျဉ်း မသိထားလေ ပိုကောင်းလေမို့ ကြည့်ဖြစ်အောင်သာကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်....