Ad P1
Ad P2

Filth (2013)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


မင်းသား James McAvoy ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုလို့တောင် ဆိုလို့ရပါတယ်။
James က Scottish မင်းသားဖြစ်ပေမဲ့ ကျွန်တော်တို့ သူ့ရဲ့ Scottish အသံထွက်နဲ့ ရုပ်ရှင်တွေ သိပ်မကြည့်ဖြစ်ကြလောက်ပါဘူး။
ဒီကားကတော့ Scottish ကားဖြစ်တာနဲ့အညီ သာမန်ကြားနေကြမဟုတ်တဲ့ အင်္ဂလိပ် လေယူလေသိမ်းတစ်ခုကို ကြားရမှာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း အတော်ဆန်းလို့ ကြည့်ရတာ ကျေနပ်ဖို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်လာမှာပါ။
မင်းသမီး Imogen Poots ကိုငမ်းရတာလည်း တပိုင်းပေါ့လေ။
ဇာတ်ညွှန်း
ဘရုစ်ဆိုတာက "စစ်နိုင်သူသာလျှင် သမိုင်းကိုရေးသည်" ဆိုတဲ့ လက်သုံးစကားကို လက်ကိုင်ထားပြီး ဌာနတွင်းရာထူးတိုးမယ့်ကိစ္စကို ဟိုလူ့ပတ်ချွတ်၊ ဒီလူ့ပတ်မ၊ ဝေ့ဝိုက်ပြီးတမျိုး၊
ဒဲ့တမျိုး ပလိစိခြောက်ချက်ဉာဏ်ကို အလွှာလိုက်သုံးကာ ယူဖို့ ကြိုးစားနေသူဖြစ်ပါတယ် ရုံးတွင်းရာထူးတိုးမယ်ဆိုသိတဲ့အတိုင်း ဖြစ်နိုင်ချေတွေကလည်း ခပ်များများရယ်။
အားလုံးက Potential Threat ဖြစ်ပါတယ်။ ဒါကိုတော့ ဘရုစ်ကမမှုပါဘူး။ ဘာလို့ဆို သူက အရာအားလုံးကို မရရအောင် ယူမယ့်လူမဟုတ်လား။
ဘရုစ်မှာ ချစ်ရတဲ့ ချစ်ဇနီးလေး ကာရိုးဆိုတာရှိတယ်။ ကာရိုးကလည်း ဘရုစ်ကိုချစ်တယ်။ သူ့ယောကျ်ားရာထူးတိုးမှာကိုလည်း သိတယ်။ ယုံကြည်တယ်။ ဒီလိုနဲ့ ဂျပန်လူမျိုးတစ်ယောက် အသတ်ခံလိုက်ရရော။
အသတ်ခံရတဲ့အမှုမှာ ဘရုစ်ကို ခေါင်းဆောင်ခန့်ပြီး အမှုလိုက်ခိုင်းတယ်။
ရာထူးတိုးဖို့ သူများက လှေကားနဲ့တက်နေရချိန် ဓာတ်လှေကားစီးဖို့ လက်မှတ်ရသလိုဖြစ်သွားခဲ့တယ်။ "ဒါပေမဲ့လည်း၊ အကယ်လို့များ၊ ပြီးတော့၊ ဒါမှမဟုတ်တွေ" အများကြီး ပြည့်နေတဲ့ ဘရုစ်ရဲ့ ဘဝလမ်းကတော့ အညာလမ်းကားဖြတ်မောင်းသလို ဖုန်တထောင်းထောင်းနဲ့ မငြိမ့်ညောင်းလှပါဘူး။
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ သေချာပဲ ခံစားကြည့်လိုက်ကြပါ။
(အညွန်းနဲ့ ဘာသာပြန်ကတော့ Lucifer Maximoff ဖြစ်ပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...