ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ အိုရင်ဘွိုက်ဆိုတဲ့ရဲတစ်ယောက်ဟာ မှုခင်းဖြစ်လာတိုင်း အထက်ရဲ့အမိန့်ကိုနာမခံဘဲ တစ်ဇွတ်ထိုးဝင်လုပ်တတ်တဲ့အကျင့်ရှိလို့ အပြစ်ပေးတဲ့အနေနဲ့ တစ်ခြားရဲစခန်းကိုရွှေ့ပြောင်းခံလိုက်ရပါတယ်။ဘွိုက်ဟာ အဲ့ဒီကိုရောက်ရင်း အလုပ်လုပ်နေရာကနေ မူးယစ်ဆေးတွေဖြန့်ဝေနေတာကို ခြေရာခံမိပြီး ဒီကိစ္စကိုအမြစ်လှန်ဖို့ လိုက်ပါတော့တယ်။
ဒီလိုရှာဖွေနေရင်းမှပဲ သူလိုက်လံဖမ်းဆီးနေတဲ့သူက အပြစ်ကင်းရှင်းပြီး ဘာအမှုမှမကျုးလွန်ထားတဲ့သူဖြစ်တဲ့အပြင် ရဲစခန်းကလူတွေရဲ့ လုံခြုံရေးအာမခံမှုကိုပါ ရထားတဲ့သူဖြစ်နေတယ်။ဒါကို ဘွိုက်ဟာသံသယဝင်လာပြီးတော့ ကိုယ့်ရဲ့ရဲစခန်းကရဲတွေနဲ့ ဒီမူးယစ်ဆေးဖြန့်ဝေရေး ညှိနှိုင်းလုပ်နေတဲ့ လပ်ထရယ်ဝေါ်ကာဆိုသူဟာ သူ့နာမည်အရင်းပဲလား ရဲတွေနဲ့များ ဘာတွေဆက်စပ်နေတာလဲဆိုတာကိုတော့ လိုက်လံရှာဖွေရင်း.....