Ad P1
Ad P2

The Princess and the Matchmaker (2018)

Premium By Shine Design With Shroff Templates
Poster
⭐️7.1


နန်းတွင်းကားကိုမှ အချစ်ဟာသပုံစံမျိုးလေး ကြည့်ချင်တယ်ဆိုသူတွေ အတွက် ဒီကားလေးကို ကြည့်ကြည့်ပါနော်။
Fabricated City ရဲ့ မင်းသမီး Shim Eun Kyung, My Girlfriend Is A Gumiho ဇာတ်လမ်းတွဲနဲ့ လူကြိုက်များခဲ့တဲ့ Lee Seung Gi တို့အပြင် တကယ့်နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Yeon Woo Jin, Kang Min Hyuk, Choi Woo Sik တို့လည်း ပါဝင်ထားပါတယ်။
တိုင်းပြည်ရဲ့ မိုးခေါင်မှု ပြဿနာကို ဖြေရှင်းဖို့အတွက် မင်းကြီးရဲ့ မှူးမတ်တွေက မင်းသမီးလေး ဆုန်းဟွာကို လက်ထပ်ထိမ်းမြားပေးဖို့လုပ်ပါတယ်…။ အယူအရ မင်းသမီးလေးကိုသာ ကောင်းမွန်တဲ့ ယောက်ျားတစ်ယောက်နဲ့ ထိမ်းမြားပေးလိုက်မယ်ဆို ကံဆိုးမိုးမှောင်ကျနေတဲ့တိုင်းပြည်ကို ကယ်တင်နိုင်မယ်ပေါ့…။
အဲဒီလိုနဲ့ ဆောဒိုယွန်းဆိုတဲ့ နက္ခတ်ဗေဒပညာရှင်ကိုခေါ်ဆောင်ပြီး မင်းသမီးလေးနဲ့ ဇာတာကိုက်ညီမှုရှိတဲ့ ယောက်ျားတစ်ယောက်ကို ရွေးခိုင်းပါတော့တယ်။ မင်းသမီးလေးရဲ့ သတို့သားဖြစ်ဖို့အတွက် တိုင်းပြည်က ယောက်ျားတိုင်းကိုလည်း သတ်မှတ်ချက်နဲ့ညီရင် လျှောက်ထားစေပါတယ်။
ဒီလိုနဲ့ လျှောက်ထားသူတွေထဲမှာ နောက်ဆုံးအဆင့်ထိရောက်ခဲ့တဲ့သူ ၄ယောက်အထိရှိလာတယ်ပေါ့…။ အဲဒီအချိန်မှာ မင်းသမီးလေးက အဲဒီ ၄ယောက်ကို ကိုယ်တိုင်အကဲဖြတ်ပြီး အချစ်စစ်ကိုရှာဖို့အတွက် နန်းတွင်းကနေ ခိုးထွက်ပါတော့တယ်…။
အဲဒီလိုနဲ့ ဇာတ်လမ်းကိုအစပြုထားပြီး နောက်ပိုင်းမှာ ဟာသတွေ၊ ရင်မောစရာတွေ ဆက်ထည့်ထားတဲ့အတွက် ကြည့်လို့ကောင်းတာတော့ အသေအချာပါပဲ…။
ဒါ့အပြင် ကိုရီးယားရဲ့ ကံကြမ္မာဖတ်ကြည့်လေ့ရှိတဲ့ ရိုးရာကို အသက်သွင်းထားတဲ့ ရုပ်ရှင် သုံးကားတွဲထဲက တစ်ကားဖြစ်ပါတယ်…။
ကျန်တဲ့နှစ်ကားကတော့ The Face Reader နဲ့ Feng Shui တို့ပဲဖြစ်တဲ့အတွက် အဲဒီကားတွေကို နှစ်သက်တဲ့သူဆို ဒီကားလေးကိုလည်း သဘောကျလောက်မှာမို့ ညွှန်းဆိုပေးလိုက်ရပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...

Post Preview

Loading post...
Open