ဒီကားလေးထဲမှာတော့ Irisထဲမှ မင်းသားကြီး Kim seungwoo, Miracle in Cell No. 7မှ Kim jungtaeနဲ့ Business proposalထဲမှ Kim minkyuတို့ပါဝင်ပါတယ်။
ဂင်ဆွန်းဂျူ ( Kim seungwoo )က SGကုမ္ပဏီရဲ့ ကိုယ်စားလှယ်ဖြစ်ပြီး ဂျောင်ထက် ( Kim jungtae )ကတော့ အကြမ်းဖက်မှုခင်းဌာနရဲ့ စုံထောက်တစ်ဦးပါ။ သူတို့နှစ်ဦးဟာ ငယ်သူငယ်ချင်းတွေဖြစ်ပေမဲ့ ဂျောင်ထက်ကတော့ ဆွန်းဂျူဟာ မကောင်းမှုတွေကို လုပ်နေတဲ့သူလို့ယုံကြည်ပြီး ဖမ်းဆီးဖို့ အမြဲစောင့်ကြည့်နေခဲ့ပါတယ်။
တစ်နေ့မှာတော့ ဆွန်းဂျူက ခပ်ဆိုးဆိုး ကျောင်းသားလေးယောက်ဆီကနေ ဖုန်းအလုခံလိုက်ရပြီး ဂျောင်ထက်က ပြန်ယူပေးဖို့ ကူညီပေးရာကနေ သူ့ရဲ့သေနတ်ပါ အလုခံလိုက်ရပါတော့တယ်။
အချင်းချင်းမတည့်ကြတဲ့ ငယ်သူငယ်ချင်းနှစ်ဦး သူတို့ရဲ့ ပစ္စည်းတွေကို ဘယ်လိုပြန်ယူကြမှာလဲ.... ကုမ္ပဏီ ကိုယ်စားလှယ်ဖြစ်တဲ့ ဆွန်းဂျူအတွက် ဒီဖုန်းလေးကို ပြန်ယူဖို့ ဘာကြောင့် အရေးတကြီးဖြစ်နေရတာလဲဆိုတာကို ရယ်မောရင်းနဲ့ ခံစားကြည့်ရှုလိုက်ရအောင်နော်။