အဓိကဇာတ်ဆောင်တွေကတော့ Cho Jin-Woong, Park Hee-Soon, Son Hyun-Joo, Ko Chang-Seok, Kim Seul-Gi, Yoon Park, Kim Min-Sukတို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်း
တူဖြစ်သူနဲ့ သစ္စာခံ အမတ်ခြောက်ဦးကို သတ်ပြီး ထီးနန်းကို လုယူခဲ့တဲ့ ဆယ်ဂျိုဘုရင်အကြောင်းကို ရေးသားထားတဲ့ 'တော်ဝင်မှူးမတ်ခြောက်ဦး'ဆိုတဲ့ စာအုပ်ဟာ ပြည်သူလူထုကြားထဲ ပျံ့နှံ့နေတာကြောင့် ဆယ်ဂျိုဘုရင် (Park Hee-Soon) က ဒီကိစ္စကို ဖြေရှင်းဖို့ အကြံပေးအမတ်ချုပ် ဟန်မြောင်ဟွယ် (Son Hyun-Joo) ကို တာဝန်ပေးပါတော့တယ်။ ,
ဒါကြောင့် ဟန်မြောင်ဟွယ်က အရည်အချင်းထူးချွန်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့ လူပြက်အဖွဲ့ကို လိုက်ရှာပါတော့တယ်။
ပုံပြောသူ ဒေါ့ဟို (Cho Jin-Woong), မျက်လှည့်ဆရာ ဟုန်းချီ (Ko Chang-Seok), နတ်ဝင်သည် ဂွန်းဒေါ့ (Kim Seul-Gi), ပန်းချီဆရာ ဂျင်ဆန်း (Yoon Park), အကသမား ဖာဖွန်း (Kim Min-Suk) တို့ဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပြောင်းလဲပေးနိုင်တဲ့အထိ အစွမ်းထက်တဲ့ လူပြက်အဖွဲ့ဖြစ်တာကြောင့် ဟန်မြောင်ဟွယ်နဲ့ အပေးအယူလုပ်ကာ ဆယ်ဂျိုဘုရင်ရဲ့ ဂုဏ်ကျက်သရေကို မြှင့်တင်ပြီး ပြည်သူအများရဲ့ ချစ်ခင်လေးစားမှုကို ရရှိဖို့ မျိုးစုံအကွက်ဆင်ကာ ပြည်သူတွေကို လှည့်စားဖို့လုပ်ပါတော့တယ်။
တကယ်ပဲ ဆယ်ဂျိုဘုရင်က ခစားထိုက်တဲ့ ဘုရင်တစ်ပါးဖြစ်မလား၊ ဟန်မြောင်ဟွယ်ကရော သူ့အကျိုးအမြတ်အတွက် လူပြက်အဖွဲ့ကို ဘယ်လိုအသုံးချသွားမလဲ၊ လူပြက်အဖွဲ့ကရော သမိုင်းကို လှည့်စားမလား ဒေါက်မြင့်ဖိနပ်မှမဟုတ် အမှန်တရားကိုချပြမလားဆိုတာကို ကြည့်ရှုလိုက်ရအောင်ပါ။