ဒီလိုနဲ့ ဓါးပြ သုံးယောက်ကို မာဖီးယားတွေရော ရဲတွေရော အသည်းအသန်လိုက်ရှာကြပါတော့တယ်။ မာဖီးယားတွေဟာ သူတို့ကို ရက်ရက်စက်စက် သတ်ပစ်ဖို့လိုက်နေတာကို ရဲတွေသိသွားပြီးတဲ့နောက်မှာ သူတို့ထက်အရင် တွေ့နိုင်ဖို့ကြိုးစားကြရပါတော့တယ်။
ဒီဇာတ်ကားထဲမှာ ထိုခေတ်အခါက လူဖြူ လူမဲ ခွဲခြားမှုတွေ ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ လူဆိုးဂိုဏ်းတွေရဲ့ အာဏာလွှမ်းမိုးပုံတွေကိုပြသထားပါတယ်။ အဆုံးသတ်မှာ မာဖီးယားတွေကို ဓါးပြတိုက်မိတဲ့ သူတို့သုံးယောက် ဘယ်လိုတွေ ဖြစ်သွားကြမယ်ဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှုသွားပေးကြပါဦး။