Twisted metal ဆိုတဲ့ ဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားပြီး IMDb rating 7.5 ရရှိထားတဲ့ Adventure, Action, Comedy စီးရီးလေးပါ။
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ကမ္ဘာပျက်ပြီးနောက်မှာ မြို့တွေမှာ တံတိုင်းတွေ ကာလိုက်ကြပါတယ်။
အဝင်အထွက်ကို တင်းကြပ်ထားပြီး အပြင်လူတွေက တံတိုင်းတွင်းကို ဝင်ခွင့်မရှိပါဘူး။
ကိုယ်တွေရဲ့ ဇာတ်လိုက် ဂျွန်ဒိုး(Anthony)ကတော့ မြို့တစ်မြို့နဲ့တစ်မြို့ ပစ္စည်းလိုက်ပို့ပေးတဲ့ Delivery သမားလေးပါ။ သူတို့အခေါ် နွားနို့ပို့သမားပေါ့။
တစ်နေ့တော့ နယူးဆန်ဖရန်စစ္စကိုရဲ့ စီအိုအိုက ဂျွန်ဒိုးကို နယူးချီကာဂိုကနေ ပစ္စည်းသွားယူပေးရင် တံတိုင်းတွင်းနေထိုင်ခွင့်ပေးမယ်လို့ အပေးအယူလုပ်လာပါတယ်။
သက်စွန့်ဆံဖျားအလုပ်လုပ်ရင်း သံယောဇဉ်တွယ်စရာဆိုလို့ သူ့ကားလေးပဲရှိတဲ့ဘဝမှာ ဂျွန်ဒိုးတစ်ယောက် တံတိုင်းတွင်းကဘဝကို လောဘတက်မိပါတယ်။
ဒါကြောင့်ပေးလိုက်တဲ့အချိန်အတွင်း ပစ္စည်းသွားယူနိုင်ပါ့မလား ပစ္စည်းကရောဘာလဲ ခရီးတစ်လျှောက် ဘာတွေနဲ့ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (သွေးထွက်သံယိုအခန်းတွေပါတဲ့အတွက် အသည်းငယ်သူများ မကြည့်သင့်ပါ)