⭐️5.1
ဒီကားလေးဟာ အတည်အတံ့သေချာမပါဘဲ ဗရုတ်ကျမဲ့ကားလေးဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုလိုသူ
ပရိသတ်များအတွက်သာ ဦးတည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးဖြစ်ပါတယ်...
အမေရိကန်နာမည်ကျော်အေးဂျင့်တစ်ယောက်ဖြစ်သူ မက်ဝေါ့တာတစ်ယောက် ပြစ်မှုတချို့အတွက် မှားယွင်းအစွပ်စွဲခံရမှုကို
အခြေတည်ရိုက်ကူးထားပြီး ရွှတ်နောက်နောက် အက်ရှင်ခန်းတချို့နဲ့ ရယ်မောဖွယ်ရာ တင်ဆက်ပြသထားပါတယ်..
ဇာတ်လမ်းအကျဉ်း
++++++++++++
မက်ဝေါ့တာဟာ အေးဂျင့်လောကရဲ့ လက်မရွံ့ပွဲတိုင်းကျော် ဖြစ်ပြီး မှုခင်းမှန်သမျှကို အောင်မြင်အောင် ဖြေရှင်းပေးနိုင်သူတစ်ယောက်ဖြစ်ပါတယ်..
သို့သော်လည်း တစ်ကမ္ဘာလုံးကို ထိခိုက်နိုင်တဲ့ ရုတ်တရက်ပေါက်ကွဲမှုများ စတင်ဖြစ်ပေါ်လာရာ..
မက်ဝေါ့တာတစ်ယောက်ရဲ့ ခြေရာလက်ရာများကို ၎င်းပေါက်ကွဲမှုများအနီး တွေ့ရှိပြီး ကမ္ဘာ့ရန်သူတော် နံပါတ် ၁ အဖြစ်သတ်မှတ်ခံရပါတော့တယ်..
အေးဂျင့်မက်ဝေါ့တာတစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျမလဲ ဘယ်လိုပေါက်ကရဇာတ်ကွက်တွေနဲ့ ရယ်စရာပြုံးစရာဖြစ်အောင်
လုပ်ပြမလဲဆိုတာကတော့ ဒီဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါနော်....