Ad P1
Ad P2

Apna Sapna Money Money (2006)

Premium By Shine Design With Shroff Templates
Poster
⭐️5.2


ငွေသည်သာအရှင်သခင် မင်းသားကြီးရီသိက်‌ရဲ့ old but gold ဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ်။ တစ်ချိန်က Box Office ဝင်ငွေ 2 ဆကျော်မြတ်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်တာမလို အကြည်လေးနဲ့ တစ်ဖန်ပြန်လည်ရှုစားကြပါဦးစို။ ဒီဇာတ်ကားလေးကတော့ မွမ်ဘိုင်း ဘန်ဒရာဆိုတဲ့ရပ်ကွက်လေးက ချမ်းသာဖိုကြိုးစားနေတဲ့လူတစ်စုရဲ့ အရှုပ်တော်ပုံကို ပုံဖော်ထားတာပါ။ မွမ်ဘိုင်း ဘန်ဒရာရပ်ကွက်လေးမှာ ရှာစထရီဆိုတဲ့ ဘိုးကြီးရှိပါတယ်။ အဘိုးကြီးက မျက်မမြင်ဆိုပေမဲ့ ဘာသာတရား အင်မတန်ကိုင်းရှိင်းသူဖြစ်တာကြောင့် နေ့တိုင်း ဘုရားကျောင်းတက်နေကျပါ။ ဒါပေမဲ့ အဘိုးကြီးရဲ့ သောက်တော်ရေခွက်ကို အာဂျွန်ရဲ့ခွေးလေးဘက်ရှားက မနက်တိုင်းဆွဲပြေးတတ်ပါသတဲ့။ ဘာသာကမတူရတဲ့ထဲ ဘက်ရှား မနက်တိုင်းမွှေတဲ့စနက်ကြောင့် ရှာစထရီက အာဂျွန်တို တစ်အိမ်လုံးကိုမကြည်၊ အာဂျွန်ကလည်း သူ့ကိုမကြည်တဲ့ ရှာစထရီရဲ့သမီးချောလေး ရှီဗာနီကိုမှ ချစ်မိရက်သား ဖြစ်နေတော့ နှလုံးလမ်းကြောင်းမှာ အဖေကြီးခံနေသလိုဖြစ်နေတော့တာပေါ့။ ဒီလိုနဲ့ ရှာစထရီတစ်ယောက် ရှီဗာနီကို ယောက်ျားပေးစားဖိုလုပ်ရာကနေ ဇယားတွေပိုရှုပ်လာချိန်မှာတော့... (အညွှန်းနဲ့ဘာသာပြန်ကတော့ B-team မှဖြစ်ပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...