⭐️7.1
ဇာတ်ကားက ပိုစတာကြည့်ပြီးခန့်မှန်းရရင် ရှယ်ကြမ်းမယ့် စစ်ကားလို့ ထင်စရာရှိပေမယ့်
တကယ်တမ်းတော့ ရှယ်ကြမ်းတဲ့ ဟာသဇာတ်ကားပါ။မင်းသားတွေက Iron Man မင်းသားကြီး Robert Downey Jr…
Night at The Museum မင်းသားကြီး Ben Stiller…
ဂါလီဗာ မင်းသားကြီး Jack Black…
She’s Out of My League ထဲက Jay Baruchel…
မင်းသားကြီး Tom Cruise , Matthew McConaughey …စတဲ့ နာမည်ကြီးမင်းသားတွေပါ ပါဝင်ထားပါသေးတယ်။နာမည်ကြီးမင်းသားတွေ ရုပ်ဖျက် ပုံဖျက်ပြီး ပါဝင်ထားလို့ ရုတ်တရက်ကြည့်ရင် မမှတ်မိနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။
သရုပ်ဆောင်တွေကြောင့် ရယ်ရမှာထက် ဇာတ်လမ်းနဲ့တင်ပဲ ဟားတိုက်ပြီးရယ်မိမယ့် ဇာတ်ကားမျိုးပါ။ဇာတ်လမ်းကတော့
စစ်ကားရိုက်တဲ့ သရုပ်ဆောင်မင်းသားတသိုက် ရိုက်ကွင်းလို့ သူတို့ထင်နေတဲ့နေရာကို ရောက်သွားကြပေမယ့်
အဲ့နေရာက တကယ်တော့ ဖုန်းဆိုးမြေဖြစ်ပြီး တကယ်စစ်ဖြစ်နေတဲ့နေရာပါ…
ဒီတော့ မင်းသားတွေကလဲ ရုပ်ရှင်ရိုက်နေတယ်ပဲ ထင်နေကြပေမယ့် အပြင်မှာ တကယ်နောင်ဂျိန်ပလေးနေတာကိုမမျှော်လင့်ဘဲ တကယ်ကြုံလိုက်ရတဲ့အခါမှာတော့
ဒီသောက်ပြဿနာကြီးထဲကနေလွတ်မြောက်အောင် ဘယ်လိုဖိုက်ကြမလဲဆိုတာ အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ ခွီနေကြရမှာပါ။မင်းသားကြီး Ben Stiller ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းက အတော်ဂွကျလှတဲ့ ဇာတ်လမ်းဖြစ်ပြီး စဉ်းစဉ်းစားစားရိုက်ကူးတတ်တာကို အသိအမှတ်ပြုရမှာပါ။
စိတ်ညစ်စရာတွေကို ခဏတာမေ့ပျောက်သွားဖို့ဆို သရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေ အမှန်အကန်သရုပ်ဆောင်ထားတဲ့ ရုပ်တည်ကြီးနဲ့ ဒီလိုဟာသကားက ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။