Ad P1
Ad P2

The Magnificent Seven (2016)

Premium By Shine Design With Shroff Templates
Poster
⭐️7.0


Denzel Washington , Chris Pratt , Lee Byung-hun , Ethan Hawke , Vincent D’Onofrio တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အပြွတ်လိုက်ကြမ်းကြမှာပါ။ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။အင်္ကျီလေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ဇာတ်လမ်းကတော့,,,မြို့ငယ်လေးတစ်ခုမှာ အင်အားသုံးပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကိုလူ ၇ ယောက်တည်းက မြို့က လူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ အရည်အချင်းတွေနဲ့ ထူးခြားမှုတွေကို ပေါင်းစပ်ပြသွားရင်းမဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသက်စွန့်တိုက်ကြတဲ့ သူရဲကောင်းတွေအကြောင်း ပြထားတာပါ။ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ ကိုယ်တိုင်လဲ ၂ ခါတောင်ပြန်ကြည့်မိတယ်…နဂို ကောင်းဘွိုင်အသေကြိုက်တဲ့အခံလည်းပါတာပေါ့ဗျာ။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...