⭐️7.0
ဒါရိုက်တာ Wes Anderson က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အများနဲ့မတူ တမူထူးခြားတဲ့ အဏ္ဏဝါဗေဒပညာရှင် Steve Zissou ဟာ
သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ငါးမန်းအစားခံလိုက်ရတဲ့နာက်မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ငါးမန်းကို
ရှာဖွေဖို့အတွက် ထူးဆန်းတဲ့ရေအောက်စွန့်စားခန်းတစ်ခုကို စတင်ခဲ့ပါတယ်။လမ်းတလျှောက်မှာ တောရိုင်းပင်လယ်သတ္တဝါ တွေ ပင်လယ်ဓားပြတွေနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ကြရပါတယ်။ Steve Zissou တစ်ယောက် သူ့အဖွဲ့ဝင်တွေနဲ့အတူ ငါးမန်းကို ရှာဖွေတွေ့ရှိသွားမလား၊ ပင်လယ်ရေပြင်တလျှောက် ဘယ်လိုထူးခြားဆန်းကြယ်မှုတွေ ကြုံရမလဲဆိုတာကို စိတ်ဝင်စားစွာ စောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်း တစ်ခုဖြစ်ပါတယ်။