⭐️7.1
Edo ခေတ်ကာလမှာ Shogun ဆန့်ကျင်ရေးအဖွဲ့ဖြစ်တဲ့ Choshu မျိုးနွယ်ဝင်တွေနဲ့Shogun ထောက်ခံရေးအဖွဲ့ဝင်ဖြစ်တဲ့ Aizu မျိုးနွယ်ဝင်တွေက အချင်းချင်းတိုက်ခိုက်နေကြပါတယ်။ တစ်ရက်မှာတော့ Aizu မျိုးနွယ်ဝင်ဖြစ်တဲ့ ဆာနိုဆကဲနဲ့
ခိုဆကတို့က Choshu မျိုးနွယ်ဝင်တစ်ယောက်ဖြစ်တဲ့ ရာမဂတဟိကိုကုရိုကိုအလစ်ဝင်တိုက်ပါတော့တယ်။ ဒီလိုနဲ့ တိုက်ခိုက်နေရင်းမှာပဲ မိုးတွေရွာရင်း လျှပ်စီးလက်ပြီးတစ်လောကလုံးလင်းထိန်သွားပါတော့တယ်။အဲဒီနောက် ခိုဆကတစ်ယောက်သတိရတဲ့အချိန်မှာ သူက နှစ်ပေါင်း ၁၄၀ လောက် အချိန်ခရီးသွားလာမိတဲ့အကြောင်းကိုသိသွားပါတယ်။ ဒီလိုနဲ့ ဆာမူရိုင်းတွေမေ့ပျောက်ခံနေရတဲ့ လက်ရှိခေတ်မှာ ဆာမူရိုင်းတွေကိုအမှတ်ရစေဖို့အတွက် ခိုဆကတစ်ယောက် သမိုင်းကြောင်းရုပ်ရှင်တွေမှာ စတန့်သမားအဖြစ်နဲ့အလုပ်ဝင်လုပ်ပါတော့တယ်။ ခိုဆကတစ်ယောက် သမိုင်းကြောင်းရုပ်ရှင်တွေရိုက်ရင်းကြုံတွေ့ရမယ့်အရာတွေ… ဆာမူရိုင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ပြတ်သားမှုတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီ ရုပ်ရှင်က37 ကြိမ်မြောက် Nikkan Sports Film Awards, 67 ကြိမ်မြောက် Blue Ribbon Awards,48 ကြိမ်မြောက် Japan Academy Film Prize စတဲ့ ဆုပေးပွဲတွေမှာ ဆုပေါင်း ၇ ဆုရရှိခဲ့တဲ့အပြင်တခြားဆု ၇ ဆုအတွက်လည်း Nominate စာရင်းဝင်ခဲ့ပါသေးတယ်။ ဆာမူရိုင်းရုပ်ရှင်တွေကိုစိတ်မဝင်စားတဲ့သူကိုတောင် စိတ်ဝင်တစားဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်တဲ့အတွက် ကြည့်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Benni ပဲ ဖြစ်ပါတယ်)