Ad P1
Ad P2

High Risk (1995)

Premium By Shine Design With Shroff Templates
Poster
⭐️6.1


ကားလေးကတော့ ဂျက်လီရဲ့ ကားလေးတွေထဲက တစ်ကားဖြစ်ပြီးတော့ ပရိတ်သတ်ကြီးတို့သိတဲ့အတိုင်းပဲ comedy ဆန်ဆန်လေးနဲ့ သိုင်းချတာတွေကိုပါ ရောပြီးပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ဇာတ်အိမ်လေးကတော့ မင်းသားကြီးဂျက်လီဟာ စစ်တပ်ရဲ့ဗုံးတွေတပ်ဆင်ရေးဌာနမှာ အလုပ်လုပ်နေတဲ့ဗိုလ်ကြီး ကစ်ထ်လီ ဖြစ်ပါတယ်။ တနေ့မှာ သူ့မိန်းမ(ဆရာမ)နဲ့သားလေးဟာ မူကြိုမှာကစားနေတုန်း အကြမ်းဖက်လူတစ်စုဟာ ကလေးတွေကိုဖမ်း ကားပေါ်တင်ပြီး ချိန်ကိုက်ဗုံးတပ်ဆင်ထားပါတော့တယ်။ ကစ်ထ်လီဟာ သူ့အဖွဲ့သားတွေနဲ့အချိန်မီလာနိုင်ခဲ့ပေမဲ့ ဗုံးကိုဖြေရှင်းခဲ့ရာမှာ မှားယွင်းခဲ့ပြီး မိန်းမရော၊သားလေးကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ ဒီလိုနဲ့သူဟာ တပ်ကထွက်ပြီး ၂ နှစ်အကြာမှာတော့ ကွန်ဖူးသိုင်းကားတွေရိုက်တဲ့ ဖရန်ကီရဲ့ ကိုယ်စောင့်လူရံတော်အဖြစ်အလုပ်လုပ်နေပါတော့တယ်။ တစ်နေ့မှာ ဖရန်ကီဟာ ဂရန်ဒီဟိုတယ်ဖွင့်ပွဲအခမ်းအနားရဲ့ ရတနာပြပွဲကို ဖိတ်ခေါ်ခံခဲ့ရပြီး ကစ်ထ်လီပါလိုက်ပါသွားခဲ့တယ်။ မထင်မှတ်ထားမိလိုက်တာက ကစ်ထ်လီရဲ့မိသားစုကို သတ်သွားခဲ့တဲ့ အဲ့ဒီအကြမ်းဖက်လူစုဟာ ဒီရတနာပြပွဲရဲ့ ရတနာတွေကိုခိုးယူဖိုကြံနေပါတော့တယ်။ ဒီလိုရှုပ်ထွေးနေတဲ့ ကလဲ့စားချေမှုတွေနဲ့ သန်မာလွန်းတဲ့ရန်သူအကြမ်းဖက်သမားတွေကို ကစ်ထ်လီဟာ ဘယ်လိုပြန်ပြီး လက်စားချေသွားမလဲဆိုတာ အားလုံးပဲကြည့်ရှုလိုက်ကြရအောင်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...