⭐️6.6
ကားလေးကတော့ ဂျက်လီ ငယ်ငယ်ကရိုက်ခဲ့တဲ့ ကားဟောင်းလေးဖြစ်ပြီးတော့ ရှေးခေတ်ဆန်ဆန်တရုတ်သိုင်းကားလေးဖြစ်ပါတယ်ဗျ။ဟာသတွေလည်းပါဝင်ပြီး သိုင်းအလှကွက်လေးတွေကို ကြည့်ချင်သူတွေအတွက်တော့ ကြည့်ကောင်းမဲ့တရုတ်ကားလေးပါဗျ။ဇာတ်ကားရဲ့ အကြောင်းအရာကတော့ ဆရာ ဝေါင်ဖယ်ဟွမ်ဟာ ဒေသတစ်ဝိုက်မှာ နာမည်ကြီးပြီး လူဆိုးတိုင်းကြောက်ရတဲ့ ကွန်ဖူးဆရာလည်းဖြစ်သလို ဆေးကုသပေးတဲ့ ဆေးဆရာလည်းဖြစ်ပါတယ်။သူဟာ ကန်တွန်းမြို့ကို အလာလမ်းမှာလက်ဝှေ့အဖွဲ့အစည်းလို့ခေါ်တဲ့ လူဆိုးအဖွဲ့က ခေါင်းဆောင် ၃ ယောက်ကိုဖမ်းဆီးရာမှာကူညီပေးခဲ့တယ်။ဒီလိုနဲ့ပဲ ကန်တွန်းမှာသူ့ရဲ့ကွန်ဖူးရော ဆေးဆိုင်ရော နှစ်ခုပေါင်းပြီး ပိုလီချန်ဆိုတဲ့နေရာလေးဖွင့်ထားတယ်။
ဒါနဲ့ပဲမြို့ကိုအသစ်ရောက်လာတဲ့ အရာရှိကြီးအသစ်ဖြစ်တဲ့ လွီယက်ဆွီကို ဆရာ ဝေါင် ဟာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။အရာရှိကြီးဟာ ဆရာ့ရဲ့ကွန်ဖူးသိုင်းကို အတော်လေးသိချင်နေခဲ့တာပါ။ဒီလိုနဲ့ပဲ မြို့မှာမိန်းကလေးတွေပျောက်တဲ့ကိစ္စပေါ်လာပါလေရော။ဒါကို ဆရာ ဝေါင်တို့ဟာ အမှတ်မထင်ရှာဖွေစုံစမ်းမိရင်း သိလိုက်ရတာက အရာရှိကြီးနဲ့ အစိုးရကလူတွေဟာ လူကုန်ကူးမှုကြီး လုပ်နေတာကိုတွေ့ရတော့တယ်။ ဒါကို ဆရာ ဝေါင်ဟာ ပြဿနာတွေဘယ်လိုရင်ဆိုင်သွားမလဲဆိုတာနဲ့အတူ သိုင်းကွက်ပေါင်းစုံ ချတဲ့မြင်ကွင်းတွေနဲ့ ဟာသပါရောနှောထည့်ထားတဲ့ကားလေးကို ကြည့်ရှုခံစားလိုက်ကြရအောင်…..