Ad P1
Ad P2

The Huntresses (2014)

Premium By Shine Design With Shroff Templates
Poster
⭐️6.8


အားလုံးရဲ့ အချစ်တော် မမ Ha Ji-Won အဓိက ပါဝင်ထားပြီး ၃ ယောက်ပေါင်းလောင်းကျော် ဝက်ဝက်ကွဲ ရယ်နေရတဲ့ နန်းတွင်းဟာသကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဉ်းကတော့ ****စုံစမ်းစစ်ဆေးရေး အရာရှိဟောင်းတစ်ယောက်ဖြစ်တဲ့ မူမြောင် နဲ့ သူ့တပည့်မလေး သုံးယောက်တို့ ဆုကြေးထုတ်ခံထားရတဲ့ အပြစ်သားတွေကို လိုက်ဖမ်းကြတဲ့ ဇာတ်လမ်းလေးပါပဲ ။ဂျင်းအို့ ( Ha Jiwon ) ကတော့ တီထွင်ဖန်တီးဉာဏ်လည်း ကောင်းသလို ဇွတ်တရွတ်လုပ်တတ်တဲ့ စိတ်ကြောင့် မကြာခဏဆိုသလို ပြဿနာတွေ ယူဆောင်လာတတ်တဲ့ အမွှေစိန်လေးလည်း ဖြစ်ပါတယ် ။ နောက်တစ်ယောက် ဟုန်းဒန်ကတော့ သုံးယောက်ထဲမှာ အသက်အကြီးဆုံးဖြစ်သလို ရှေးရိုးစွဲ ယောက္ခမဆီက ခဏခဏ နားပူခံရသူတစ်ဦးဖြစ်ပါတယ် ။ အငယ်ဆုံးလေး ဂါဘီကတော့ ယောကျ်ားလေးဆန်ဆန် နေတတ်သူဖြစ်ပြီး တစ်ခုခုဆို စကားထက် လက်သီးနဲ့ အရင် ဖြေရှင်းတတ်တဲ့သူလေးတစ်ဦးပါ ။တစ်ရက်မှာတော့ ဂုံဂူလို့ ခေါ်တဲ့သူကို ရှာပေးနိုင်ရင် ဆုကြေးငွေ ညန်း ၁၀၀၀၀ ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်က သူတို့ ဆရာတပည့်တွေဆီကို ရောက်လာခဲ့ပါတော့တယ်။တကယ်တမ်းတော့ ဂုံဂူက ဂျိုဆွန်းဘုရင်အတွက် အရေးကြီးတဲ့ ပစ္စည်းကို သယ်ဆောင်လာတဲ့သူ ဖြစ်တဲ့အပြင် ဂုံဂူကို သတ်ချင်နေတဲ့ တစ်ဖက်အဖွဲ့ကလည်း ရှိနေတဲ့အခါ မူမြောင်တို့ ဆရာတပည့်တွေ ဘယ်လို ရင်ဆိုင်ကြမလဲ ။ပြဿနာအရှုပ်အထွေးထဲမှာမှ ဂျင်းအို့ရဲ့ အတိတ်က ပြန်ပေါ်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမှာလဲဆိုတာကိုတော့ ။ (အညွှန်းကို Hazelle မှ ရေးသားထားပါတယ်)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...