⭐️6.0
ကားလေးကတော့ ဂျက်လီရဲ့ action ကားထဲက တစ်ခုဖြစ်ပြီးတော့ sci-fi ဆန်ဆန်လေးနဲ့ ချကွက်တွေပါပါတဲ့ ဇာတ်ဝင်ခန်းလေးနဲ့အတူ စိတ်ဝင်စားဖွယ်နဲ့ကြည့်လိုကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ဇာတ်ကားရဲ့ အကြောင်းအရာလေးကတော့ ဆွီချစ်ဆိုတဲ့ ဒိုရဲ့ MC ကြီးဟာစစ်တပ်ရဲ့ အထူးတပ်သားဖန်တီးရေးစမ်းသပ်ခန်းကြီးကနေ ထွက်ပြေးလွတ်မြောက်လာပြီးတော့ ဟောင်ကောင်မှာငြိမ်းငြိမ်းချမ်းချမ်း လာနေနေတဲ့သူဖြစ်ပါတယ်။သူဟာ စာကြည့်တိုက်တစ်ခုမှာ အလုပ်လုပ်နေပြီး ရဲမှုးရှက်ခ်ဆိုတဲ့သူ့သူငယ်ချင်းနဲ့အတူ ဘဝကိုပုံမှန်ဖြတ်သန်းနေပါတယ်။
ဒါပေမဲ့ တစ်နေ့မှာ မူးယစ်ရောင်းသူတွေကို လိုက်လံသတ်ဖြတ်နေတဲ့သူတွေဟာ ပေါ်ပေါက်လာပါတော့တယ်။သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲ ၊ ဘာလိုအဲ့လိုတွေလုပ်နေရလဲဆိုတာကို ရဲမှုးရှက်ခ်က တာဝန်ယူပြီးမှုခင်းရှင်းရပါတော့တယ်။တစ်ဖက်မှာလည်း ဆွီချစ်သိလိုက်ရတာက ဒီလက်နက်ကိုင်တွေဟာ စမ်းသပ်ခန်းမှာတုန်းက အတူရှိခဲ့တဲ့ သူ့ရဲ့တပည့်ဟောင်းတွေဖြစ်နေပါတော့တယ်။ဒါနဲ့ပဲ သူ့ရဲ့ငြိမ်းချမ်းသာယာနေတဲ့ဘဝကို ဘယ်လိုမျိုးထိန်းထားရင်းနဲ့ သောင်းကျန်းနေတဲ့ တပည့်ဟောင်းတွေနဲ့ ဘယ်လိုပြန်ရင်ဆိုင်ပြီး တိုက်ပွဲဝင်သွားမလဲဆိုတာကို အားလုံးပဲကြည့်ရှုခံစားကြည့်လိုက်ကြရအောင်။