⭐️6.0
ဗြိတိသျှဒါရိုက်တာ Andrew Cumming ရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပြီး၊ Ruth Greenberg ရေးသားထားတဲ့ စိတ္တဇသည်းထိတ်ရင်ဖိုနဲ့ စွန့်စားခန်းရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းဟာ ဘီစီ ၄၅,၀၀၀ ခန့်က အထက်ပိုလီသို့စ်ခ်ခေတ်မှာ ဖြစ်ပေါ်ပြီး၊ လူသားခြောက်ဦးပါဝင်တဲ့ အုပ်စုတစ်စုဟာ ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုရှာဖွေဖို့အမည်မသိတဲ့ ကမ်းခြေတစ်ခုကို ရောက်ရှိလာရာက စတင်ပါတယ်။ဒီအုပ်စုမှာ အုပ်စုခေါင်းဆောင် အာဒမ်၊ သူ့ရဲ့ ကိုယ်ဝန်ဆောင်ဇနီး အာဗီ၊ အဒမ်ရဲ့ ညီငယ် ဂျီးရာ၊ အာဒမ်ရဲ့သားငယ် ဟယ်ရွန်၊ လူငယ်မိန်းကလေး ဘီးယားနဲ့သက်ကြီးပိုင်း အိုဒယ်တို့ ပါဝင်ပါတယ်။သူတို့ဟာ နေထိုင်ဖို့ ဂူတစ်ခုရှာဖွေရင်း တောင်တန်းတွေဆီ ခရီးဆက်ကြပေမယ့်၊ ညအချိန်မှာ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်နဲ့ ကြုံတွေ့ပြီးဟယ်ရွန်ကို ညဘက်မှာ သတ္တဝါကြီးရဲ့ဆွဲသွားခြင်းခံလိုက်ရတဲ့အခါမှာတော့…