Ad P1
Ad P2

Teenage Mutant Ninja Turtles (2014)

Premium By Shine Design With Shroff Templates
Poster
⭐️5.8


ပရိတ်သတ်ကြီး စောင့်မျှော်နေတဲ့ TMNT ဇာတ်ကား နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက တစ်ချိန်တုန်းက နာမည်ကြီး ကာတွန်းဇာတ်လမ်းတွဲ နဲ့ ကာတွန်းစာအုပ် တွေထဲက Superheros ဖြစ်တဲ့ TMNT ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ သူက အခုမှ ရုပ်ရှင်ထွက်တာတော့မဟုတ်ပါဘူး။ ၁၉၉၀ တုန်းက ဇာတ်ကား ၃ကားထွက်ထားဖူးသလို၊ ၂၀၀၇ မှာလည်း ကာတွန်းအနေနဲ့ထွက်ထားဖူးပါတယ်။ဇာတ်လမ်းမှာ April O’Neil (Megan Fox) က သတင်းထောက်တစ်ဦးဖြစ်ပြီး New York မြို့က Foot Clan ဆိုတဲ့ ဂိုဏ်းကို လိုက်လံသတင်းယူနေရာကနေ Turtles တွေနဲ့ အမှတ်မထင်ဆုံတွေ့ခဲ့ပါတယ်။ ဒီကနေ သူမ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အဖြစ်အပျက်ကို သတိရသွားပြီး Turtles တွေရဲ့ Origin ကို မှတ်မိသွားပါတယ်။ တစ်ဖက်မှာလည်း ဆရာ Splinter က April ကို Foot Clan ရဲ့ ရန်က ကာကွယ်ဖို့အတွက် April ကို ရအောင် ရှာပြီး ခေါ်လာဖို့ ညွှန်ကြားပါတယ်။ ဇာတ်လမ်းကသိပ်မထူးခြားပေမယ့် ပရိတ်သတ် စိတ်ဝင်စားမယ့် Action ကားကောင်းတစ်ကားပါ ကျွန်တော်တို့ ကလေးဘဝကတည်းက တီဗီမှာ ကာတွန်းအဖြစ်နဲ့ကြည့်ခဲ့ဖူးကြပြီး၊ Nintendo ဂိမ်းတွေ အဖြစ်လည်း ဆော့ကစားခဲ့ကြပါတယ်။ ဒါကြောင့် ပရိတ်သတ်နဲ့တော့မစိမ်းကြပါဘူး။ ဒီကားက ဒီဘက်ခေတ်ရဲ့ ပိုကောင်းတဲ့ CGI နဲ့ရိုက်ကူးထားတာကြောင့် အရင်ကားတွေထက် ပိုကြည့်ကောင်းပေမယ့် ဇာတ်လမ်းအရတော့ သိပ် မကောင်းလှပါဘူး။ အထူးသဖြင့် လိပ်နင်ဂျာတွေရဲ့ Origin ကိုအနည်းငယ် ပြင်ထားတာကြောင့် ပရိတ်သတ်အချို့က သိပ်မကျေနပ်ကြပါဘူး။ TMNT ရဲ့ အဓိကဗီလိန် ဖြစ်တဲ့ Shredder ကလည်း Transformer လို စက်ရုပ်ပုံစံဖြစ်နေတာကလည်း စိတ်ပျက်စရာပါ။အထူးသဖြင့် Shredder အဖြစ်သရုပ်ဆောင်မယ့် William Fichtner က သရုပ်ဆောင်ကောင်း တစ်ဦးဖြစ်ပေမယ့်၊ တကယ့် ကာတွန်းထဲက Shredder က ဂျပန်လူမျိုး တစ်ဦးဖြစ်တာကြောင့် ဥရောပလူမျိုး ဖြစ်တဲ့ William ကို Shredder အဖြစ်ရိုက်ကူးပြီးမှ ဝေဖန်ခံရမှာစိုးတာကြောင့် ပြန်ရိုက်ကူးခဲ့ပြီး၊ ဂျပန်လူမျိုးတစ်ဦးကို အသံနဲ့ သရုပ်ဆောင်စေခဲ့ပါတယ်။ ဒါတွေကြောင့်လည်း ဇာတ်ကားကကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်၊ ပရိတ်သတ် တွေ စိတ်ကျေနပ်မှုရခဲ့တဲ့ဇာတ်ကားဖြစ်ပြီး၊ TMNT 2 ထွက်မယ်လို့ကြေငြာ ခဲ့တာကြောင့် နောက်ကားမှာ ပိုကောင်းလာမယ်လို့လည်း ပရိတ်သတ်တွေက မျှော်လင့်နေပါတယ်။ ဒါ့အပြင် TMNT ပိုစတာထွက်လာတုန်းက ပရိတ်သတ်တွေတော်တော်များများက ပုံတွေကိုကြည့်ပြီး Turtles တွေက ရုပ်ဆိုးပြီး ကြောက်စရာကောင်းတယ်လို့ ထင်နေကြပါတယ်။ တကယ်တမ်းရုပ်ရှင်ထဲ မှာတော့ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ Teenager သရုပ်ကိုပီပြင်အောင် သရုပ်ဖော်ထားနိုင်ပါတယ်။ ကာတွန်းတွေမှာ ပါတဲ့အတိုင်း လူငယ်စရိုက်နဲ့တွေ့ရမှာဖြစ်သလို၊ သူတို့အချင်းချင်းကြားက စကားပြော ခန်းတွေကလည်း ပရိတ်သတ်တွေကို အကြိုက်တွေ့စေမှာပါ။မိသားစုတူတူကြည့်ဖု့ိအဆင်ပြေပါတယ်။ Action ဇာတ်ကားကြိုက်သူတိုင်း၊ TMNT ပရိတ်သတ်တိုင်း ကြည့်သင့်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...