Scooby-Doo 2: Monsters Unleashed (2004)

Premium By Shine Design With Shroff Templates
Poster
⭐️5.0


ငယ်ငယ်တုန်းကနေ အခုထိ လူကြိုက်များဆဲဖြစ်တဲ့ Scooby Doo ရဲ့Live action movie 2 လေးပဲဖြစ်ပါတယ်…ဖရက်၊ ဒက်ဖ်နီ၊ ဗဲလ်မာ၊ ရှက်ဂီနဲ့ စကူဘီတို့က လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို ဖြေရှင်းရင်းနဲ့ နာမည်ကျော် လူသိများလာကြတဲ့ လူငယ်အဖွဲ့လေးတစ်ခုပဲဖြစ်ပါတယ်။ဒီလိုနဲ့ သူတို့နှိမ်နင်းလာခဲ့သမျှ လူဆိုးတွေရဲ့ ဝတ်စုံတွေကိုပြတိုက်တစ်ခုမှ လှူဒါန်းခင်းကျင်းပြသဖို့ ဖြစ်လာပါတယ်။ဒါပေမဲ့ ပြတိုက်ဖွင့်ပွဲရက်မှာပဲ ဖရက်တို့ရဲ့ ရန်သူဟောင်းကြီး တာရိုဒက်တိုင်လ်သရဲဟာပြန်ပေါ်လာပြီး ဝတ်စုံနှစ်ခုကို မျက်စိရှေ့တင် ခိုးသွားပါတော့တယ်။နာမည်ကျော်စုံစမ်းရေးအဖွဲ့ဖြစ်တဲ့ ဖရက်တို့ရှေ့မှာပဲ ဖြစ်ပွါးသွားတဲ့အတွက်သတင်းထောက်တွေက ဖရက်တွေရဲ့ အမှုဖြေရှင်းနိုင်စွမ်းကို မေးခွန်းထုတ်လာပါတော့တယ်။ဖရက်တို့အပေါ် ပြည်သူတွေရဲ့အားပေးမှုကကျဆင်းလာတဲ့အတွက်နာမည်ပြန်ရအောင် တရားခံဖမ်းဖို့ စုံစမ်းနေချိန်မှာပဲ ပြတိုက်ဟာ ဓားပြအတိုက်ခံရပြန်ပါတော့တယ်။ဒီလိုနဲ့ နာမည်ပျက်ပြီးရင်း ပျက်လာတဲ့ဖရက်တို့အုပ်စုဟာအရင်လို တရားခံကို တကယ်ပဲဖမ်းဆီးဖော်ထုတ်နိုင်ပါဦးမလား…တရားခံကရော ဘယ်လောက်အတိုင်းအတာအထိ ဆိုးသွမ်းဦးမလဲ…မြို့နေပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်အရယူနိုင်ဖို့ဖရက်တို့ငါးယောက်ရဲ့ ကြိုးပမ်းမှုတွေ အလွဲတွေကို ရယ်မောရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါစို့




Premium By Shine Design With Shroff Templates

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬