⭐️4.9
စကူဘီဒူး ကားလေးတွေကိုတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်ကြမှာပါ….ဒီကားလေးဟာလူငယ်စုံထောက်လေးတွေဖွဲ့စည်းထားတဲ့ ကင်းထောက်အဖွဲ့အကြောင်းကိုရသပေါင်းစုံရှု့ထောင့်ပေါင်းစုံကနေကြည့်ပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်…ဇာတ်လမ်းလေးရဲ့ အကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့်
ထူးဆန်းတဲ့ အမှု့ကိစ္စများကိုဖြေရှင်းကိုင်တွယ်ပေးနေကျဖြစ်တဲ့ လူငယ်စုံထောက်အဖွဲ့ဟာချောက်ခြားဖွယ်ကောင်းတဲ့ ကျွန်းကိုမထင်မှတ်ပဲ လေးယောက်လုံးဖိတ်ကြားခြင်းခံခဲ့ရပါတယ်…အဲ့ကျွန်းပိုင်ရှင်ကတော့ အားလုံးသိကြတဲ့ ဟာသမင်းသားကြီး Mr.Bean ဖြစ်ပါတယ်….အဲကျွန်းမှာတော့လူငယ်တွေအားလုံးဟာ သူရဲဝင်ပူးခံရသလို ထူးထူးဆန်းဆန်းဖြစ်နေကြပါတယ်…ဒါကြောင့် လူငယ်စုံထောက်အဖွဲ့ဝင်တွေဖြစ်တဲ့ ဖရက် ဗယ်မာ ဒက်ဖနီ နဲ့ ရှယ်ဂီတို့ဟာဒီကိစ္စဖြစ်စဉ်ကို ပေါ်ပေါက်အောင် စုံစမ်းကြမှာပဲဖြစ်ပါတယ်….ရှယ်ဂီရဲ့ထုံးစံအတိုင်း တလွဲတွေလုပ်တတ်တာရယ် စကူဘီဒူးရဲ့ အစားမက်တာတွေရယ်ကဇာတ်လမ်းတစ်ခုလုံးကို မပျင်းရလေအောင် ရယ်မောပြီးကြည့်ရမှာဖြစ်ပါတယ်….