Ad P1
Ad P2

Money (2019)

Premium By Shine Design With Shroff Templates
Poster
⭐️5.8


၂၀၁၉ခုနှစ်ထွက်ကိုရီးယားကားကိုမှ Stock Exchange နဲ့ပတ်သက်ပြီးစိတ်ဝင်စားရင်တော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။IMDb rating အရတော့ vote ပေးသူ 175 ဦးအတွက် 5.8 ပဲရထားတယ်ဆိုပေမဲ့ Rotten Tomatoes မှာ 67% အထိရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ရုံဝင်ငွေအနေနဲ့လည်း 25.1 million USD ရထားတာပါ။Cast တွေမှာလည်းလူူသိများတဲ့ သရုပ်ဆောင်တွေချည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တောနယ်တစ်ခုကကြိုးစားပြီးတက်လာတဲ့ စတော့ခ်ရှယ်ယာပွဲစားပေါက်စလေးတစ်ယောက်မှာရည်မှန်းချက်တစ်ခုပဲရှိပါတယ်။သူချမ်းသာချင်တာပဲဖြစ်ပါတယ်။ဆင်းဆင်းရဲရဲနေခဲ့ရတဲ့သူတစ်ယောက်အတွက် ချမ်းသာချင်ကြတာချည်းပါပဲ။မိဘတွေရုန်းကန်နေရတာကိုကြည့်ပြီးသူချမ်းသာချင်လာတယ်။အဲတော့စတော့ခ်ရှယ်ယာရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှာအလုပ်ရပြီး စတော့ခ်ရှယ်ယာပွဲစားပေါက်စအဖြစ်အားကြိုးမာန်တက်အလုပ်ကြိုးစားမယ်ဆိုပြီး တက်လာပေမဲ့တကယ်တမ်းလက်တွေ့မှာတော့ ထင်သလောက်မလွယ်သလိုသူများတွေကော်မရှင်ကပြွတ်သိပ်နေချိန်မှာ ဒီလိုနဲ့တစ်နှစ်လောက်လုံးချာလည်လိုက်နေရင်းကနေ ချမ်းသာဖို့ဖြတ်လမ်းနည်းတစ်ခု သူရလာခဲ့ပါတယ်။ဘယ်သူ့ကြောင့်ရသွားတာလဲ။အဲဒီဖြတ်လမ်းနည်းကရော ရေရှည်အဆင်ပြေရဲ့လားဆိုတာတော့သူတို့စတော့ခ်ရှယ်ယာဈေးကွက်တွင်းကအရှုပ်အရှင်းတွေကြားဝင်ကြည့်ရင်းခံစားကြည့်ကြပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ)




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...