⭐️5.8
အချစ်ဒရမ်မာ ချိုချိုလေးတွေလည်း ကြည့်ချင်တယ် ဇာတ်လမ်းရှည်အတွက်လည်း အချိန်မပေးနိုင်ဘူးဆိုရင်
ဒီရုပ်ရှင်လေးကိုကြည့်နော်။ ဒရမ်မာကိုမှ တစ်ကားလုံး စိတ်ရှုပ်စရာမရှိဘဲ ကြည်နူးစရာတွေနဲ့အပြည့်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ချန်ပေလုဟာ မိဘကုမ္ပဏီကို မလုပ်ချင်ဘဲ အတင်းအကြပ်လုပ်ခိုင်းလို့ ဘဝကို ပေါ့ပျက်ပျက်ဖြတ်သန်းနေတဲ့
သူဌေးသားလေးတစ်ယောက်ဖြစ်ပါတယ်။ အလုပ်ကို မယ်မယ်ရရ မလုပ်ဘဲ ပေါ့ပျက်ပျက်နေတဲ့အတွက်
အဖေဖြစ်သူက သူ့ကို ထိန်းချုပ်ဖို့ ရှန့်ရီးကို လက်ထောက်အဖြစ် သူ့အနားကို ပို့ထားခဲ့ပါတယ်။ရှန့်ရီးဟာ ဆင်းရဲတဲ့ မိသားစုက ဖြစ်ပေမဲ့ ကိုယ်ပိုင်ကြိုးစားမှုနဲ့ တက္ကသိုလ်ကောင်းတက်ရပြီး အလုပ်မှာလည်း
ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်ရင် အရာရာကို အကောင်းဆုံးဖြစ်အောင်
လုပ်ချင်တဲ့ရှန့်ရီးဟာ ပေါ့ပျက်ပျက်နေတတ်တဲ့ သူဌေးသားလေး ချန်ပေလုကို နေရာတကာ
လိုက်ထိန်းချုပ်နေတဲ့အတွက် ချန်ပေလုအတွက်တော့ ခေါင်းကိုက်စရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ ကုမ္ပဏီမှာ အန္တရာယ်နဲ့ ကြုံရတဲ့အချိန်မှာတော့ ချန်ပေလုနဲ့ ရှန့်ရီးတို့ဟာ စိတ်တူကိုယ်တူ
နားလည်မှုရှိရှိ ဖြေရှင်းနိုင်ခဲ့ကြပါတယ်။ တဖြည်းဖြည်းနဲ့ ချန်ပေလုအတွက် ရှန့်ရီးဟာ
စိတ်ရှုပ်စရာမဟုတ်တော့ဘဲ အားကိုးရာတစ်ခုလို ဖြစ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကြား အချစ်မီးပွားလေးတွေ ဘယ်လိုလောင်ကျွမ်းမလဲ……
သူတို့နှစ်ယောက်ရဲ့ ဘဝကွာခြားချက်ကရော အတားအဆီးဖြစ်နိုင်မလား……
ကုမ္ပဏီမှာ ဘယ်လိုအခက်အခဲမျိုးတွေ ရှိနေမလဲ ……
ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။