Ad P1
Ad P2

Tehran (2025)

Premium By Shine Design With Shroff Templates
Poster
⭐️5.0


မင်းသားကြီး John Abraham နဲ့အတူ မင်းသမီးချောလေး Manushi Chhillarနဲ့ Neeru Bajwaတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်Thriller ကြမ်းကြမ်းရမ်းရမ်း ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အိန္ဒိယကို အစ္စရေးကောင်စစ်ဝန်ချုပ်ရောက်လာတဲ့အချိန်မှာ အဲဒီကောင်စစ်ဝန်ချုပ်စီးလာတဲ့ကားဟာ ဗုံးပေါက်ကွဲမှုဖြစ်သွားပြီးတော့ ကောင်စစ်ဝန်ချုပ်ရဲ့ ကလေးနှစ်ယောက်နဲ့ ဇနီးသည်အပါအဝင် စုစုပေါင်း လူ၇ယောက် ထိခိုက်သွားခဲ့ရပါတယ်။ကောင်စစ်ဝန်ချုပ်ရဲ့ ဇနီးသည်ကတော့ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး ခန္ဓာကိုယ်ရဲ့ တစ်ဝက်နီးပါး လောင်ကျွမ်းသွားခဲ့ရပေမဲ့ ကလေးနှစ်ယောက်ကတော့ ကံကောင်းစွာနဲ့ပဲ အရမ်းကြီး မထိခိုက်ခဲ့ပါဘူး။နိုင်ငံရေးနဲ့ဆက်နွယ်နဲ့ အမှုဖြစ်လာတဲ့အတွက် ဒီအမှုကို ကိုင်တွယ်ဖို့ အရာရှိတွေမှာလည်း ခေါင်းကိုက်လို့နေခဲ့ပါတယ်။ ဒီအမှုကို ကိုင်ဖို့အတွက် ရာဂျိဗ်ဆိုတဲ့ အရာရှိကို တာဝန်ပေးတဲ့အချိန်မှာတော့ အရာရှိရာဂျိဗ်မှာလည်း မက်ဝါနာဂိုဏ်းက သူ့မိသားစုကို ခြိမ်းခြောက်နေတဲ့အတွက်နဲ့ သူလည်း ခေါင်းခြောက်နေရပါတယ်။လက်ရှိမှာတောင် မိသားစုကို ခြိမ်းခြောက်ခံနေရလို့ ဖိအားများနေတဲ့ အရာရှိရာဂျိဗ်တစ်ယောက် ဒီလို အရေးကြီးတဲ့အမှုကို ဘယ်လိုများ ဆက်လက်ကိုင်တွယ်သွားမလဲ ……ဒီအမှုကိုလိုက်နေတဲ့ သတင်းထောက်မလေးကရော ဒီအမှုကြီးရဲ့ လျှို့ဝှက်မှုတွေ မတရားမှုတွေကို ဘယ်လိုဖော်ထုတ်သွားမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ B Team ပဲဖြစ်ပါတယ်




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...