Ad P1
Ad P2

Housefull 5 (2025)

Premium By Shine Design With Shroff Templates
Poster
⭐️5.0


ဟာသလျှို့ဝှက်သည်းဖိုရုပ်ရှင်ကားကြီးထွက်ရှိလာခဲ့ပါပြီ။ ဒီနှစ်ထဲ အတည်ပေါက်ထွက်ခဲ့သမျှ ဆရာကြီးအရှေးရဲ့ အသစ်ထွက်လာတဲ့ဟာသရုပ်ရှင်ပေါ့။ ပရိတ်သတ် အသဲစွဲ မင်းသမီးတွေဖြစ်ကြတဲ့ ဂျက္ကလင်း ဖနန်ဒေ့ဇ် ဆိုနမ်ဘဂ်ျဝါ နရ်ဂစ်ဆ် ဖက်ဟီရ် ကျစ်သရန်ဂဒါဆင်းဂ်တို့အပြင် စွန်ဒရာယာ ရှရ်မားကလည်း ကမီယိုအဖြစ် ပါဝင်ထားပါတယ်။ နောက်ပြီး အဘီရှက်ဘချမ်း၊ ဆန်ဂျေးဒတ်၊ ဂျက်ကီရှရော့ဖ်တို့လို ဒိတ်ဒိတ်ကြဲ ဝါရင့်သရုပ်ဆောင်ကြီးတွေကလည်းအတည်ပေါက်နဲ့ ဝင်နောက်ထားကြပါသေးတယ်။ဇာတ်လမ်း အကျဉ်းယူကေမှာ နေထိုင်တဲ့ သူဌေးကြီး ရန်ဂျီးတ်ဘတိုဘရီယားလ်ဆိုတဲ့ သူဌေးကြီးဟာ သူ့ရဲ့ နှစ် ၁၀၀ပြည့် မွေ့နေ့ကို ပင်လယ်ထဲက ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ ရုတ်တရက် သေဆုံးကွယ်လွန်သွားခဲ့ပါတယ်။သူ့ရဲ့ သေတမ်းစာအရ ပိုင်ဆိုင်မှုတွေကို သူ့ရဲ့ သားကြီး ဂျော်လီ့ကို လွှဲပေးဖို့ သား‌ငယ် ဒေ့ဗ်ကို တာဝန်ပေးထားခဲ့တာပါ။ ဒါပေမဲ့ မွေးနေ့ရက်မှာ ရောက်လာတဲ့ ဂျော်လီက တစ်ယောက်တည်း မဟုတ်ဘဲ ၃ယောက် ဖြစ်နေတာကြောင့် ဒေ့ဗ်နဲ့ သူ့ရဲ့ ဘုတ်အဖွဲ့ဝင်တွေအားလုံး အကျပ်ရိုက်သွားခဲ့ရပါတယ်။ကဲ အဲဒီ ဂျော်လီ ၃ယောက်ထဲက ဘယ်တစ်ယောက်က ဂျော်လီ အစစ်ဖြစ်မလဲ… ဘယ်လို အရှုပ်ထွေးတွေနဲ့ ကြုံဆံကြရမလဲ… ရန်ဂျီးတ်ရဲ့ ပိုင်ဆိုင်မှုတွေ ဘယ်သူ့လက်ထဲ ရောက်သွားမလဲ… ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ အဖြေ ရှာပေးကြပါလို့… ဇာတ်လမ်းကတော့ ရှေ့မှာ ပရိသတ်တွေကို အမျိုးမျိုးသောဟာသတွေနဲ့ ရီမောစေခဲ့သလို အံ့ဩစေမဲ့လှည့်ကွက်လေးတွေနဲ့ စိတ်ဝင်စားစရာတင်ဆက်ထားတာမလို့ ဘောလိဝုဒ် ပရိသတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း…ဘာသာပြန်ကတော့ သိုက်ဆန်းပဲ ဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...