Saving Private Ryan (1998)

Premium By Shine Design With Shroff Templates
Poster
⭐️8.6


အကောင်းဆုံးစစ်ကားတွေအကြောင်းပြောကြရင် Saving Private Ryan က ထိပ်ဆုံးကပါလာတတ်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks , Matt Damon , Vin Diesel တို့ပါဝင်သရုပ်ဆောင်ထားပြီးသရုပ်ဆောင်ချက်၊ ဇာတ်လမ်းပိုင်းတွေမှာ ပြောစရာမရှိကောင်းမွန်လှသလို ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg ဖြစ်လို့ ပိုလို့တောက်ပြောင်ပါတယ်။အော်စကာဆု ၅ခုကို ဆွတ်ခူးနိူင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိူင်ခဲ့ပါတယ်။IMDBမှာလဲ Rating 8.6 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကာလက တကယ့်အဖြစ်အပျက်တချို့ကို ဇာတ်အိမ်တည်လို့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲနဲ့ အစပြုထားပြီးNormandy ကမ်းခြေကို အမေရိကန်တို့ရဲ့ မဟာမိတ်တပ်တွေ ဝင်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင် ရှုစားရမှာဖြစ်တယ်။ဒီကားအကြောင်းတော်တော်များများကြားဖူး သိဖူးနေလို့ထွေထွေထူးတော့မညွှန်းတော့ပါဘူး။တကယ့် ဂန္တဝင်ကားမို့ အရည်အသွေးကောင်းကောင်းလေးနဲ့ ခံစားစေချင်တဲ့အတွက် 4K Quality နဲ့ထပ်မံဖြည့်တင်းတင်ဆက်လိုက်ပါတယ်။




Premium By Shine Design With Shroff Templates

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
💬