Ad P1
Ad P2

We Were Soldiers (2002)

Premium By Shine Design With Shroff Templates
Poster
⭐️7.2


We Were Soldiers (၂၀၀၂) အကောင်းဆုံး စစ်ပွဲ‌နောက်ခံ ဇာတ်ကားတွေအကြောင်း ပြောကြတဲ့အခါ မင်းသားကြီး Mel Gibsonရဲ့ We were Soldiers ကလည်း မပါမဖြစ်တဲ့ ဇာတ်ကားတစ်ခုပါပဲ။ ဗီယက်နမ်နဲ့ အမေရိကန်တို့ စစ်မက်ဖြစ်ပွားခဲ့တဲ့ ၁၉၆၅ ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို ပြောရရင် စစ်ဗျူဟာတွေ၊ အနိဋ္ဌာရုံတွေဦးစားပေးထားတာမျိုး မဟုတ်ဘဲ အမေရိကန်စစ်သားတွေရဲ့ ဘဝနဲ့ခံစားချက်၊ ခေါင်းဆောင်တစ်ဦးရဲ့တာဝန်နဲ့ ဝတ္တရား‌တွေ၊ အမိမြေမှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ ပူဆွေးသောကနဲ့ဂုဏ်ယူစိတ်တွေစတဲ့ စိတ်ခံစားချက်တွေကို အသားပေးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးစစ်ကားတွေဆိုတာ စစ်ပွဲအကြောင်းထက် စစ်ဆိုတာကို ကြောက်တတ်လာအောင် ဖန်တီးပေးစမြဲဆိုတဲ့ စကားအတိုင်းပဲ ဒီရုပ်ရှင်ကလည်း စစ်ရဲ့ဆိုးရွားပုံတွေကို ထင်ထင်ရှားရှား ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း အမှတ်၇ လေသူရဲတပ်ကို ဦးဆောင်ရတဲ့ ဗိုလ်မှူးဟယ်မိုးနဲ့တပ်ဖွဲ့ဟာ မထင်မှတ်ထားဘဲ ဗီယက်နမ်နိုင်ငံရဲ့စစ်တပ်ကြီးတစ်ခုလုံး အခြေစိုက်ထားတဲ့ နယ်မြေထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါတယ်။ အဲဒီနေရာကတော့ လွန်ခဲ့တဲ့၁၁နှစ်က ပြင်သစ်စစ်သားတွေ အစုပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ လာဒရောင်ဒေသ ဖြစ်နေတာပါ.. အင်အားချင်းမမျှသလို အဘက်ဘက်က ပိတ်ဆို့ခံရပြီး ညှပ်တိုက်ခံနေရတဲ့ ဗိုလ်မှူးကြီးဟယ်မိုးနဲ့ တပ်ဖွဲ့အနေနဲ့ ဒီလိုအကျပ်အတည်းကနေ ဘယ်လိုလွတ်မြောက်အောင်ရုန်းကန်ကြိုးစားသွားမလဲ၊ အဲဒီတိုက်ပွဲက ဘယ်လောက်ပြင်းထန်ခဲ့လဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။




Premium By Shine Design With Shroff Templates
Top Post Ad
Below Post Ad

#buttons=(Accept !) #days=(20)

Our site uses cookies to improve your experience. Verifique agora
Accept !
Ad
📺
💬
💬

Preview

Loading preview...