⭐️7.5
Spider-Man: Far From Home (၂၀၁၉)
“Spider-Man: Far From Home” သည် MCU Phase 3 ရဲ့ နောက်ဆုံးဇာတ်ကားဖြစ်ပြီး “Avengers: Endgame” အပြီး 8 လအကြာအချိန်ကာလမှာ Peter Parkerရဲ့စိတ်ဒဏ်ရာများနဲ့ Tony Stark ရဲ့ အမွေဆက်ခံသူအဖြစ် ရင်ဆိုင်ရပုံတို့ကို ဗဟိုပြုထားပြီး၊ MCU ရဲ့ ပထမဆုံး post-Endgame ဇာတ်ကားအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။
“Endgame” အပြီး အကျိုးဆက်များနဲ့ နှင့် Phase 4 နဲ့ Multiverse Saga အတွက်အရေးကြီးတဲ့ အချိတ်အဆက်ဇာတ်ကားတကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့
သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။
စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ဖို့ဘယ်လိုတွေ့ဆုံသွားကြမလဲဆိုတာ…။Budget $160 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $1.133 billion ထိပြန်လည်ရရှိခဲ့ပါတယ်။