⭐️7.9
Spider-Man: Homecoming (၂၀၁၇)
“Spider-Man: Homecoming” သည် MCU Phase 3 ၏ စတုတ္ထမြောက် ဇာတ်ကားဖြစ်ပြီး Marvel နဲ့ Sony တို့ရဲ့ ပူးပေါင်းမှုဖြင့် MCU အတွင်း Spider-Man ကို ပထမဆုံးအကြိမ် အပြည့်အဝ မိတ်ဆက်ပေးခဲ့ပါတယ်။ဇာတ်လမ်းကတော့…
Tobey Maguire နဲ့ Andrew Garfield တို့ပြီးတဲ့နောက်မှာ သုံးကြိမ်မြောက် Reboot လုပ်ခဲ့တဲ့Tom Holland ရဲ့ တကယ့်ကို လူငယ်ဆန်တဲ့ အငွေ့အသက်တွေလွှမ်းခြုံနေတဲ့Spider Man Homecoming ဟာ ၂၀၁၆နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ Marvel Comic ဖန်တွေ အကြိုက်လောက်ဆုံး Spider Man Reboot Movie တစ်ခုဖြစ်ခဲ့ရပါတော့တယ်
Tobey နဲ့ Andrew အလွန် ၂၀၁၆မှာတော့ ကျွန်တော်တို့လို Comic Fan တွေအတွက် Cilvil War မှာ လူငယ်မင်းသား Tom Holland က ဆန္ဒတွေ ဖြည့်ဆည်းပေးလိုက်တော့တယ်။သူ့ကို စတင် Cast လုပ်လိုက်လိုက်ချင်း ဝေဖန်သံတွေ ပေါ်ထွက်ခဲ့ပေမယ့်အဲဒီ ဝေဖန်သံတွေကို Civil War မှာ Tony Stark ရဲ့ Underoses ဆိုတဲ့ စကားနဲ့ Spidey လက်သစ်ရဲ့ Hello Everyone ဆိုတဲ့တစ်ခွန်းတည်းနဲ့ ပယ်ဖျက်ခဲ့တယ်။
” တခြားစူပါဟီးရိုးတွေလို ရင့်ကျက်မှုမရှိသေးမယ့် CW ကဖြစ်ရပ်တွေထဲ ဝင်ပါခဲ့ရပြီးတဲ့နောက် Peter Parker ဟာ သူ့ကိုအချိန်ပြည့် စောင့် ကြည့်ထိန်းမတ်ပေးနေတဲ့ Tony Starkရဲ့ အုပ်ချုပ်မှုအောက်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဝတ်စုံအသစ်နဲ့အတူ နေ့တိုင်း မှုခင်းတိုက်ဖျက်နေခဲ့ပါတယ်။
Parker ဟာ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း Ned နဲ့အတူ သာမန်ရိုးရှင်းတဲ့ အထက်တန်းကျောင်းသား ဘဝကို အတွဲညီညီဖြတ်သန်းနေသလို Lizဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုပါ ခွက်ရှ်နေခဲ့ပါတယ်။သို့သော်လည်းပဲ Tony Stark ရဲ့ လက်နက်ထိန်းချုပ်ရေး ပရိုဂရမ်ကြောင့် အမြစ်တည်ပျံ့ပွားလာတဲ့ အမုန်းတရားတွေရဲ့သားကောင် Vulture ဆိုတဲ့ Villain တစ်ယောက်ပေါ်လာချိန်မှာတော့ အတွေ့အကြုံအကြီးကြီး မရှိသေးတဲ့ Spidey လေးခင်မျာ အားကုန်သုံးပြီး ပြန်တွန်းလှန်ရပါတော့တယ်…. ။ ”
ဒီကားဟာ Tomရဲ့ Solo Film ဖြစ်တဲ့အတွက် သူအတွက် လုပ်ပိုင်ခွင့်တွေ ပိုရလာခဲ့သလို Comic ထဲကလို ပျော်ပျော်နေတတ်တဲ့ Friendly Neighborhood Spidey လေးကို မြင်တွေ့ခဲ့ရတယ်။
သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ စွမ်းအား၊ သူ့ရဲ့ လုပ်နိုင်စွမ်းတွေဟာ ဒီကားနဲ့အတူ နောင်လာမယ့် ကားတွေမှာပါ ကျွန်တော်တို့ အချစ်တော် Spidey လေးဖြစ်လာမယ်ဆိုတာတော့ ဘယ်လိုမှ လွဲမယ်မထင်ပါဘူး…။Budget $175 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $880.9 million ထိပြန်လည်ရရှိခဲ့ပါတယ်။